ဇာတ်ကားများ ရွေးရန်

Ice Age

2002ဇာတ်ကားအမှတ် 7.4/1081 မိနစ်4K

ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလို ကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့ Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါ သုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။ သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့ က​လေးတစ်​ယောက်ပါပဲ။ ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေး လွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်က ဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက် ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့ ​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ် ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်း စတင်ခဲ့ပါ​တော့တယ်။ File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… mp4 Duration…. 1h 21m Genre .....  Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

ဇာတ်လမ်းအကြောင်း