ဇာတ်ကားများ ရွေးရန်

Ice Age: Collision Course

2016ဇာတ်ကားအမှတ် 6.1/1095 မိနစ်4K

ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို ​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း ​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ ကြုံလာရပါ​တော့တယ်။ ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေက အ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း ​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို မိသားစု ကိုယ်စီနဲ့ နှုတ်ဆက်နိုင်ခဲ့တဲ့ ဇာတ်လမ်း​ကောင်း ဖြစ်ခဲ့ပါတယ်။ File size…      6 GB /     2.3 GB /     1.2 GB Quality… Web-DL  4K HDR /  1080p / 720p Format… mp4 Duration…. 1h 34m Genre .....  Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

ဇာတ်လမ်းအကြောင်း