Chained
ယုန်လေးဟာ ငယ်ငယ်တုန်းက အမေနဲ့အတူ ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်လာရင်း တက္ကစီသမား ဘော့ဘ်ရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရပါတယ်။ ဘော့ဘ်က လူသတ်သမားတစ်ယောက်ဖြစ်ပြီး ယုန်လေးကို သူ့အိမ်မှာ ဖမ်းထားကာ ခိုင်းသမျှလုပ်ပေးရအောင် နှစ်ပေါင်းများစွာ အတင်းအကျပ် စေခိုင်းထားတယ်။ ဖမ်းခံရချိန်ကနေ အရွယ်ရောက်တဲ့အထိ ခြေထောက်မှာ သံကြိုးခတ်ခံထားရတဲ့ ယုန်လေးဟာ ဘော့ဘ်သတ်ထားသူတွေရဲ့ သွေးတွေကို သန့်ရှင်းရေးလုပ်ပေးရသလို အလောင်းတွေကိုလည်း မြှုပ်ပေးရပါတယ်။ တစ်နေ့မှာတော့ ဘော့ဘ်က ယုန်လေးကို သူ့လိုလူသတ်သမားတစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ စလုပ်လာတယ်။ ဒီလိုပတ်ဝန်းကျင်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ ယုန်လေးက ဘော့ဘ်ရဲ့ ခြေရာကို လိုက်မိသွားမလား။ ပုံမှန်ဆို မိန်းကလေးတွေကိုပဲ ပြန်ပေးဆွဲသတ်လေ့ရှိတဲ့ ဘော့ဘ်ဟာ ဘာကြောင့် သူတို့သားအမိနှစ်ယောက်ကို ရွေးခဲ့တာလဲဆိုတဲ့ အကြောင်းကလည်း မေးခွန်းဖြစ်နေပါတယ်။
ဇာတ်လမ်းအကြောင်း