Something Borrowed
ရေချယ်နဲ့ ဒါစီဟာ ငယ်ငယ်ကတည်းက ခွဲမရအောင် ရင်းနှီးလာတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ရေချယ်က အနေအေးသလောက် ဒါစီကတော့ ပွင့်ပွင့်လင်းလင်း ပျော်ပျော်နေတတ်တယ်။ သူတို့ကြားကို ဒက်ခ်စ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာပြီး ရေချယ်နဲ့ ဒက်ခ်စ်တို့ အချင်းချင်း သဘောကျကြပေမယ့် သူငယ်ချင်းအဆင့်ကနေ မတက်ခဲ့ကြပါဘူး။ နောက်တော့ ဒက်ခ်စ်ဟာ ဒါစီနဲ့ ချစ်သူဖြစ်သွားပြီး လက်ထပ်ဖို့အထိ စီစဉ်လာကြတယ်။ မင်္ဂလာပွဲမတိုင်ခင် ပါတီတစ်ပွဲမှာတော့ ရေချယ်နဲ့ ဒက်ခ်စ်တို့ အရက်မူးရင်း ဖုံးထားတဲ့ခံစားချက်တွေကို ဖွင့်ပြောမိကြပြီး အတူအိပ်မိသွားပါတယ်။ Kate Hudson ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီအချစ်ဟာသရုပ်ရှင်မှာ ရေချယ်ဟာ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိဖို့ ကြိုးစားမလား၊ ငယ်သူငယ်ချင်းကိုပဲ ဦးစားပေးမလားဆိုတဲ့ ရွေးချယ်မှုနဲ့ ကြုံလာရပါတယ်။
ဇာတ်လမ်းအကြောင်း