ဇာတ်ကားများ ရွေးရန်

Life As We Know It

2010ဇာတ်ကားအမှတ် 6.9/10114 မိနစ်

အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန်တို့ဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲက မိတ်ဆက်ပေးလို့ တစ်ခါမှမတွေ့ဖူးဘဲ ချိန်းတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီချိန်းတွေ့မှုက အဆင်မပြေဘဲ တစ်ယောက်ကိုတစ်ယောက် မုန်းမိတဲ့အထိ ဖြစ်သွားခဲ့တယ်။ နောက်တော့ သူတို့ကို မိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားပြီး သူတို့နှစ်ဦးရဲ့ဘဝလည်း ပြောင်းလဲလာပါတော့တယ်။ သူငယ်ချင်းစုံတွဲမှာ တစ်နှစ်အရွယ်သမီးလေး ဆိုဖီ ကျန်ရစ်ခဲ့တာကြောင့် မက်ဆာနဲ့ ဟောလီတို့ဟာ ကလေးကို စောင့်ရှောက်ဖို့ သူငယ်ချင်းတွေရဲ့ စံအိမ်ကြီးမှာ အတူနေကြရပါတယ်။ မတည့်တဲ့လူနှစ်ယောက် ကလေးတစ်ယောက်ကို အတူထိန်းကျောင်းရင်း သံယောဇဉ်တွေ ဖြစ်လာကြမလား၊ မိသားစုကပဲ တကွဲတပြား ဖြစ်သွားဦးမလား။ Greg Berlanti ရိုက်ကူးပြီး Josh Duhamel နဲ့ Katherine Heigi တို့ ပါဝင်ထားတဲ့ အချစ်ဟာသနဲ့ မိသားစုဒရာမာဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း