Vaalvi
အာဗီနီနဲ့ အာနီကတ်တို့ လင်မယားဟာ အိမ်ထောင်သက် ၁၄ နှစ်ထဲ ရောက်လာပေမယ့် ကလေးမရှိကြသေးပါဘူး။ အာဗီနီက စိတ်ရောဂါအထူးကုနဲ့ ပြသနေရတဲ့အထိ နေမကောင်းဖြစ်နေပြီး အာနီကတ်ကတော့ ဇနီးအပေါ် စိတ်ကုန်နေပါတယ်။ ဒါ့အပြင် သွားဆရာဝန် ဒီဗီကာနဲ့လည်း တိတ်တဆိတ် ဖောက်ပြန်နေခဲ့တယ်။ အာနီကတ်နဲ့ ဒီဗီကာတို့ဟာ သူတို့ကြားက အာဗီနီကို သတ်ပစ်ဖို့ အတူကြံစည်ကြပါတော့တယ်။ လူသတ်မှုဖြစ်ချိန်မှာ သူတို့ တခြားနေရာမှာ ရှိနေကြောင်း သက်သေပြနိုင်ဖို့ CCTV နဲ့ လူမြင်ကွင်းတွေကို အသုံးချပြီး အစီအစဉ်ဆွဲကြတယ်။ ရဲတွေနဲ့ မျက်မြင်သက်သေတွေကိုပါ လှည့်စားဖို့ ကြံထားတဲ့ ဒီအစီအစဉ် အောင်မြင်ပါ့မလားဆိုတာကို ရယ်ရခက် ငိုရခက် အလှည့်အပြောင်းတွေနဲ့ ဆက်ထားတဲ့ ဟာသအမှောင်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း