ဇာတ်ကားများ ရွေးရန်

Beauty Bookworm

2022ဇာတ်ကား85 မိနစ်

အန်းက ဟားဗတ်တက္ကသိုလ် တက်ချင်တဲ့ ကျောင်းသူလေးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာဖို့ နိုင်ငံတကာကျောင်းတစ်ကျောင်းကို ပြောင်းလာခဲ့ပါတယ်။ အဲဒီကျောင်းမှာ Miss idol ဆိုတဲ့ စံပြကျောင်းသားဆု ပေးလေ့ရှိပြီး အန်းရောက်လာချိန်မှာတော့ ကျောင်းရဲ့အလှဆုံးကောင်မလေးသုံးယောက်ပါတဲ့ Beauty Club နဲ့ ဉာဏ်ကြီးရှင်အဖွဲ့ Genius Club တို့ ဆုရဖို့ ယှဉ်ပြိုင်ကြပါတယ်။ Genius Club က အန်းကို အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ပြီး အဖွဲ့ထဲမှာ ရုပ်ရည်အချောဆုံးဖြစ်တဲ့ သူ့ကို ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းကြတယ်။ ရှက်တတ်တဲ့အန်းကတော့ ဝင်ပြိုင်ဖို့ ယုံကြည်မှု မရှိသေးပါဘူး။ ဒါကြောင့် အဖွဲ့သားတွေနဲ့အတူ ကျောင်းရဲ့မင်းသားလေး ကွမ်ကပါ ကူညီပြင်ဆင်ပေးကြပါတယ်။ တစ်ဖက်မှာလည်း Beauty Club က ကောင်မလေးတွေက အန်းကို အနိုင်ကျင့်ပြီး အရှုံးပေးချင်လာအောင် လုပ်နေကြတယ်။ အဲဒီအချိန်မှာ အန်းဟာ စာတစ်လုံးမှ မပါတဲ့ မှော်စာအုပ်လေးတစ်အုပ်ကို တွေ့သွားပါတယ်။ စာအုပ်အကြောင်း စူးစမ်းရင်း ဆန္ဒတွေ ဖြည့်ဆည်းပေးနိုင်တဲ့ ကုဒ်ကို မတော်တဆ ဖြည်မိသွားတယ်။ စာအုပ်က သူ့ဆန္ဒတွေကို ဘယ်လိုဖြည့်ပေးမလဲ၊ အန်းကရော ပြိုင်ပွဲကို အဆုံးအထိ ဆက်ယှဉ်ပြိုင်နိုင်မလား။ ၂၀၂၁ ခုနှစ်မှာ ပြသခဲ့တဲ့ ထိုင်းနဲ့ ဗီယက်နမ် ပူးတွဲရိုက်ကူးထားသော ကျောင်းသားဟာသဇာတ်ကားဖြစ်ပြီး အန်းရဲ့အကြောင်းကို ပုံပြင်ဆန်ဆန် တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း