Selfiee
ယာဉ်မောင်းလိုင်စင်ဌာနအရာရှိ အဂရာဗာလ်ဟာ ဘောလိဝုဒ်မင်းသား ဗီဂျေးကူးမားရဲ့ အမာခံပရိသတ်ပါ။ ဗီဂျေးက ဘိုပါလ်မြို့မှာ ရိုက်ကူးရေးလုပ်နေတုန်း ယာဉ်မောင်းလိုင်စင် လိုလာတာကြောင့် သူတို့နှစ်ယောက် တွေ့ဆုံဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုမှာ မထင်မှတ်တဲ့ အထင်လွဲမှုတွေနဲ့ ပြဿနာတွေ ဖြစ်လာပြီး နှစ်ယောက်လုံးရဲ့ဘဝ ကမောက်ကမ ဖြစ်ကုန်တယ်။ ဗီဂျေးက အနုပညာအလုပ်ကိုပါ ဆုံးရှုံးရနိုင်တဲ့ အခြေအနေ ရောက်လာသလို အဂရာဗာလ်ကလည်း ကိုယ်အကြိုက်ဆုံး အနုပညာရှင်နဲ့ မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ရပါတော့တယ်။ တစ်နိုင်ငံလုံးက စောင့်ကြည့်နေတဲ့ သူတို့ပဋိပက္ခမှာ ဘယ်သူ အနိုင်ရပြီး ဘယ်သူ အလျှော့ပေးရမလဲ။ ၂၀၁၉ ခုနှစ်ထွက် Driving License ကို ပြန်လည်ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားဖြစ်ပြီး ဗီဂျေးအဖြစ် Akshay၊ သူ့ဇနီးအဖြစ် Diana နဲ့ အဂရာဗာလ်အဖြစ် Emraan Hashmi တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း