The Conjuring
သမီးငါးယောက်နဲ့အတူ အိမ်အသစ်ကို ပြောင်းလာတဲ့ Perron မိသားစုက အဲဒီမှာ ခြောက်ခြားစရာတွေ ဆက်တိုက်ကြုံလာရပါတယ်။ တံခါးတွေ သူ့အလိုလို ပိတ်ပွင့်တာ၊ အိပ်နေရင်း တစ်ယောက်ယောက်က လာဆွဲသလို ဖြစ်တာတွေကနေ အခြေအနေ ပိုဆိုးလာတော့ မိသားစုရဲ့ အသက်အန္တရာယ်အထိ စိုးရိမ်လာရတယ်။ နောက်ဆုံးမှာ သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းပေးတဲ့ Ed နဲ့ Lorraine Warren တို့ဆီ အကူအညီတောင်းကြပါတယ်။ သူတို့ရောက်လာပြီး အိမ်မှာ ဘာရှိနေတာလဲဆိုတာ ရှာဖွေတဲ့အခါ ဒီမိသားစုကို ဒုက္ခပေးနေတဲ့အရာနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီကားမှာ တံခါးသံနဲ့ လက်ခုပ်သံလို ရိုးရိုးအသံတွေကိုတောင် ကြောက်စရာဖြစ်အောင် သုံးထားတယ်။ လက်ခုပ်သံ ဘယ်ကလာတာလဲဆိုတာ စောင့်နေရတဲ့အချိန်မျိုးက သရဲထွက်လာတာလောက်ကို စိတ်မအေးစေပါဘူး။ သွေးထွက်သံယိုနဲ့ ကြမ်းတဲ့ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တဲ့ သရဲကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း