ဇာတ်ကားများ ရွေးရန်

Another Me

2013ဇာတ်ကားအမှတ် 5.4/1086 မိနစ်

ဖေး ဒယ်လူ့စီဟာ ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အရင်က ပျော်ရွှင်ခဲ့တဲ့ သူ့မိသားစုဘဝဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဖခင် နာမကျန်းဖြစ်ရာကနေ ပြောင်းလဲသွားပါတယ်။ ကိုယ်တစ်ပိုင်းသေနေတဲ့ ဖခင်ကို မိခင် အန်းဒယ်လူ့စီက စောင့်ရှောက်နေရပြီး မိခင်ဘက်မှာလည်း အရှုပ်အထွေးတွေ ရှိနေတယ်။ မိဘနှစ်ယောက်ကြား ဆက်ဆံရေးက တဖြည်းဖြည်း အေးစက်လာပါတယ်။ ကျောင်းမှာလည်း ဖေးကို မနာလိုဖြစ်နေတဲ့ မိုနီကာ မယ်ဒရန်ဆိုတဲ့ ကောင်မလေးရှိတယ်။ လူကြိုက်များတဲ့ ဒရူးက ဖေးကို သဘောကျနေတာကြောင့် ဖေးကို မုန်းကြသူတွေလည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် ဖေးအတွက် အကြီးဆုံးပြဿနာက သူ့အယောင်ဆောင်နေသလို ထင်ရတဲ့ တစ်ယောက်ယောက် ရှိနေခြင်းပါပဲ။ အဲဒီသူက သူ့နေ့စဉ်ဘဝထဲ မသိမသာ ဝင်နှောင့်ယှက်နေပြီး တခြားလူတွေက ဖေးကို စိတ်မမှန်သူလို မြင်လာတဲ့အထိ ဒုက္ခပေးလာတယ်။ ဒါတွေက မိုနီကာရဲ့လက်ချက်လား၊ သူ့မိဘတွေရဲ့ အေးစက်လာတဲ့ ဆက်ဆံရေးနောက်မှာရော ဘာလျှို့ဝှက်ချက်တွေ ရှိနေသလဲ။ ဖေးက သူ့အယောင်ဆောင်နေတယ်လို့ ထင်ရတဲ့သူကို ဘယ်လိုရှာဖွေနိုင်မလဲဆိုတာနဲ့ ဇာတ်လမ်းဆက်ထားပါတယ်။ ဖေးအဖြစ် Game of Thrones မှာ ဆန်ဆာ စတာ့ခ်နေရာက ပါဝင်ခဲ့တဲ့ Sophie Turner က သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း