ဇာတ်ကားများ ရွေးရန်

Spirit: Stallion of the Cimarron

2002ဇာတ်ကားအမှတ် 7.7/1083 မိနစ်

Imdb 7.2ရထားတဲ့ Dreamworksရဲ့ Animationကောင်း ကားဟောင်းလေးတစ်ခုကို ထပ်ပြီးတင်ပေးလိုက်ပါတယ်။ ၁၉ ရာစုနှစ်မှာအသက်ရှင်နေထိုင်ခဲ့တဲ့ မြင်းရိုင်းလေး Spirit ရဲ့ဇာတ်လမ်းပါ။ အကောင်းဆုံး animation အော်စကာဇကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးအကြီးအကျယ် အောင်မြင်မှုရခဲ့တဲ့ ကားလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းမှာတော့ မြင်းအုပ်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ မြင်းရိုင်းလေး Spirit ဟာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းမှုကြောင့် လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး အမေရိကန် မြင်းတပ်ဆီကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီမှာ ကျွန်ပြုခံထားရတဲ့ တခြားမြင်းတွေနဲ့ အတူထားပေမယ့် Spiritကို နာခံအောင် ယဥ်ပါးအောင် ဘယ်သူမှ လေ့ကျင့်မပေးနိုင်ပါဘူးတဲ့....။ ဒါကို မရမကယဥ်ပါးအောင်လုပ်ဖို့ရည်ရွယ်တဲ့ ကိုလိုနယ်ကြီးနဲ့ ထိပ်တိုက်တွေ့ကြတဲ့ အချိန်မှာတော့ ……… ဒါ့အပြင် Spiritလေးဟာ သူနဲ့ဘဝတူ အဖမ်းခံထားရတဲ့ လာကိုတာနယ်ခံလူရိုင်းလေး Little Creek နဲ့ ပတ်သတ်မိပြီး…. Creek ရဲ့မြင်းမလေး Rain နဲ့သံယောဇဉ်တွေ…..အဲဒီကြားထဲက ကံဆိုးမှုတွေ အခက်အခဲတွေကြားထဲမှာ သူဘယ်လို လှုပ်ရှားရုန်းကန်ခဲ့မလဲ ဆိုတာတွေကို တစ်ဖန်ပြန်လည်ခံစားရမယ့်ဇာတ်ကားလေးပါ....။ File size…1.31GB / 681MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Animation ,  Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

ဇာတ်လမ်းအကြောင်း