ဇာတ်ကားများ ရွေးရန်

Queens on the Run

2023ဇာတ်ကားအမှတ် 6.9/1096 မိနစ်

အထက်တန်းကျောင်းသူဘဝကတည်းက အတူခရီးထွက်ဖို့ စီစဉ်ထားခဲ့ကြပေမယ့် အိမ်ထောင်တွေကျတဲ့အထိ မသွားဖြစ်သေးတဲ့ သူငယ်ချင်းမလေးယောက် ရှိပါတယ်။ အခုတော့ ရည်းစားဟောင်းရှာပုံတော်ခရီး ထွက်လာကြပြီး လမ်းတစ်လျှောက် အလွဲအချော်တွေ ကြုံကြရတယ်။ လေးယောက်လုံးကလည်း တစ်ယောက်တစ်မျိုးစီပါ။ တစ်ယောက်က နှစ်ပတ်လည်နေ့တိုင်း မေ့တတ်တဲ့ခင်ပွန်းကို အားမလိုအားမရ ဖြစ်နေသူ၊ တစ်ယောက်က အိမ်ထောင်မပြုချင်ဘဲ ကိုယ်သဘောကျသူတွေနဲ့ လွတ်လွတ်လပ်လပ် တွဲချင်သူ။ နောက်တစ်ယောက်က အမေ့သမီးပီပီ နေတတ်ပေမယ့် ရန်ဖြစ်ဖို့ဆို အသင့်ဖြစ်နေတတ်ပြီး ကျန်တစ်ယောက်ကတော့ ချမ်းသာတဲ့ခင်ပွန်း သဘောကျဖို့ ဆီလီကွန်ဖြည့်နေတဲ့ သူဌေးကတော်ပါ။ ဒီလိုစရိုက်မတူကြတဲ့ လေးယောက် ခရီးထွက်လာတော့ တစ်နေရာရောက်တိုင်း ပြဿနာတစ်မျိုး ပေါ်လာကြပါတယ်။

ဇာတ်လမ်းအကြောင်း