ဇာတ်ကားများ ရွေးရန်

Ajoomma

2022ဇာတ်ကားအမှတ် 6.9/1090 မိနစ်

စင်ကာပူနိုင်ငံသူ လင်းမိန်ဟွာက ကိုရီးယားဇာတ်လမ်းတွဲတွေကို အလွန်ကြိုက်သူပါ။ ဇာတ်လမ်းတွဲကြည့်ရင်း ဒိုင်ယာလော့တွေကို လိုက်ပြောရတာလည်း သူ့ဝါသနာတစ်ခု ဖြစ်နေတယ်။ အားလပ်ရက်မှာ သားနဲ့အတူ ကိုရီးယားကို ခရီးသွားဖို့ ကြိုတင်ဘိုကင်လုပ်ထားပေမယ့် သားဖြစ်သူက အလုပ်အင်တာဗျူးရှိလာလို့ ခရီးစဉ်ကို ဖျက်လိုက်ရပါတယ်။ အန်တီလင်းမိန်ဟွာကတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ယောက်တည်း ခရီးမသွားဖူးသူပါ။ ဒါပေမယ့် ဒီတစ်ခါ သတ္တိမွေးပြီး သူတစ်ယောက်တည်း ကိုရီးယားကို ထွက်လာပါတော့တယ်။ ဟာသနဲ့ ဒရာမာရောစပ်ထားတဲ့ ဒီဇာတ်ကားမှာ စင်ကာပူ ဝါရင့်သရုပ်ဆောင် Hong Huifang၊ Kang Hyeong Seok နဲ့ Jung Dong Hwan တို့ အဓိကပါဝင်ထားပြီး Yeo Jin Goo ကလည်း အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း