Rogue
ဩစတြေးလျနိုင်ငံ Northern Territory ကို နောက်ခံထားတဲ့ ဒီဇာတ်ကားမှာ မတူညီတဲ့ဘဝနဲ့ နောက်ခံရှိသူတွေ လှေတစ်စီးပေါ်မှာ ဆုံလာကြပါတယ်။ မိသားစုလိုက်လာသူတွေ၊ စုံတွဲတွေနဲ့ တစ်ယောက်တည်း လေ့လာရေးထွက်လာသူတွေဟာ ဒီရေမြစ်တစ်လျှောက် မိကျောင်းတွေကြည့်ပြီး တောတွင်းသဘာဝကို ခံစားဖို့ အလည်အပတ်ခရီး ထွက်လာကြတာပါ။ ဒါပေမယ့် မိကျောင်းအန္တရာယ်နဲ့ ရင်ဆိုင်လာရတဲ့အခါ အပျော်ခရီးဟာ အသက်ရှင်ဖို့ ရုန်းကန်ရတဲ့ ခရီးဖြစ်သွားတယ်။ အန္တရာယ်ကြားမှာ လှေပေါ်ကလူတွေ ဘယ်လိုပူးပေါင်းကြမလဲ၊ ဘယ်လိုသွေးကွဲကြမလဲဆိုတာနဲ့အတူ တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့စရိုက်တွေကို ဖော်ပြထားပါတယ်။ အဓိကဇာတ်ဆောင်တစ်ယောက်နှစ်ယောက်ကိုပဲ အာရုံစိုက်ထားတာမျိုး မဟုတ်ဘဲ ခရီးသည်အားလုံးကို လိုက်ပြထားတယ်။ မိကျောင်းရန်ကနေ ဘယ်လိုလွတ်အောင် ကြိုးစားကြမလဲ၊ ဘယ်သူတွေ အသက်ဆုံးရှုံးရမလဲ၊ အားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလားဆိုတာတော့ မသေချာသေးပါဘူး။
ဇာတ်လမ်းအကြောင်း