ဇာတ်ကားများ ရွေးရန်

Billiards King

2023ဇာတ်ကားအမှတ် 4.0/1084 မိနစ်

ကျိုးသာ့ဖားဟာ ရွာတစ်ရွာမှာ ရိုးရိုးရှင်းရှင်း နေထိုင်လာတဲ့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်ပြီး ဘိလိယက်ကို အလွန်ဝါသနာပါသူပါ။ သူ့အိပ်မက်က မြို့ကိုတက်ပြီး တရုတ်ဘိလိယက် ကမ္ဘာ့အဆင့်မြင့်စိန်ခေါ်ပွဲစဉ်မှာ ဝင်ပြိုင်ခွင့်ရဖို့နဲ့ ချန်ပီယံဖြစ်ဖို့ပါပဲ။ ဒါပေမဲ့ မိခင်က သူ့ကို အတင်းလက်ထပ်ပေးဖို့ စီစဉ်လာတဲ့အခါ ကျိုးသာ့ဖားက ရွာကနေထွက်ပြီး သူ့အိပ်မက်ဆီ လှမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရွာမှာပဲ နေသားကျခဲ့တဲ့သူတစ်ယောက်အတွက် နေရာသစ်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေမလဲ။ ဝါသနာအနေနဲ့ ကစားတာနဲ့ အလုပ်တစ်ခုလို လုပ်ကိုင်ရတာကြားက ကွာခြားချက်တွေကိုရော သူ ဘယ်လိုနားလည်လာမလဲ။ ပြိုင်ပွဲအတွက် ကြိုးစားရင်း ဟောင်ယွင်ဆိုတဲ့ မိန်းကလေးနဲ့လည်း သိကျွမ်းလာပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်မလဲ၊ ကျိုးသာ့ဖားလည်း ရည်မှန်းထားတဲ့ ချန်ပီယံဆုကို ရနိုင်ပါ့မလားဆိုတာကို ဘိလိယက်အားကစားအကြောင်းနဲ့ ဟာသရောပြီး တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း