The Man with One Red Shoe
စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူး ကူးပါးက သူ့အထက်အရာရှိ ရို့စ်ရဲ့နေရာကို လိုချင်နေပါတယ်။ ဒါကြောင့် ရို့စ်ဟာ လာဘ်စားပြီး မူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာ ပါဝင်နေသလို အကွက်ဆင်လိုက်တယ်။ ကော်မတီဖွဲ့ပြီး စစ်ဆေးကြတဲ့အခါ ရို့စ်က ပြန်ချေပဖို့ အချိန်တောင်းလိုက်ပြီး ၄၈ နာရီ ရရှိခဲ့ပါတယ်။ ရို့စ်ဟာ သူ့အိမ်မှာ ကူးပါးက အသံဖမ်းစက်တွေ တပ်ထားမှန်း သိနေတဲ့အတွက် အဲဒါကိုပဲ အသုံးချပြီး ပြန်အကွက်ဆင်ဖို့ ကြံပါတယ်။ သူ့လူယုံ ဘရောင်းကို အိမ်ခေါ်ပြီး ကြားနာပွဲမှာ သူ့ဘက်က ထွက်ဆိုပေးမယ့်သူကို လေဆိပ်မှာ သွားတွေ့ဖို့ ပြောလိုက်တယ်။ တကယ်တော့ အဲဒီလိုသက်သေတစ်ယောက်မှ ရှိမနေပါဘူး။ ဘရောင်းက လေဆိပ်ရောက်တဲ့အခါ ဖိနပ်အနီတစ်ဖက် စီးထားတဲ့ ရစ်ချက်ကို ရွေးပြီး နှုတ်ဆက်လိုက်တော့ ကူးပါးရဲ့လူတွေက ရစ်ချက်ကို ပစ်မှတ်ထားပြီး နောက်က လိုက်ကြပါတော့တယ်။ ရစ်ချက်ကတော့ ငယ်ငယ်ကတည်းက တယောပဲ ထိုးလာတဲ့သူဖြစ်ပြီး ကားတောင် မမောင်းတတ်ပါဘူး။ သူလျှိုအလုပ်နဲ့ ဘာမှမဆိုင်တဲ့သူတစ်ယောက်ဟာ စီအိုင်အေအရာရှိတွေရဲ့ အားပြိုင်မှုကြား မထင်မှတ်ဘဲ ရောက်သွားပြီး အလွဲတွေ တစ်ခုပြီးတစ်ခု ကြုံရတော့တယ်။ တွမ်ဟန့်ခ် ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၈၅ ခုနှစ်ထွက် အက်ရှင်ဟာသကားပါ။
ဇာတ်လမ်းအကြောင်း