ဇာတ်ကားများ ရွေးရန်

The Bounty Hunter

2010ဇာတ်ကားအမှတ် 5.8/10110 မိနစ်

မိုင်လိုဟာ မိန်းမနဲ့ ကွဲပြီးနောက် အရက်သောက်လွန်ရာက ရဲတပ်ဖွဲ့ကနေ အထုတ်ခံထားရတဲ့ ရဲဝန်ထမ်းဟောင်းတစ်ယောက်ပါ။ လောင်းကစားလည်း လုပ်တတ်တော့ ရှုံးကြွေးတွေတင်ပြီး အကြွေးရှင်တွေ လိုက်ဖမ်းတာကို ခံနေရတယ်။ လက်ရှိမှာ ကြေးစားလူဖမ်းပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး တစ်နေ့တော့ မထင်မှတ်ထားတဲ့ အလုပ်တစ်ခု ရလာပါတယ်။ ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက် အာမခံရုံးချိန်း ပျက်ကွက်ထားတဲ့ သူ့မိန်းမဟောင်း၊ သတင်းသမား နစ်ကိုးလ်ကို ဖမ်းခေါ်ပေးရမှာပါ။ ပိုက်ဆံလိုနေတဲ့ မိုင်လိုက ဒီအလုပ်ကို လက်ခံလိုက်တယ်။ နစ်ကိုးလ်ကတော့ သေကြောင်းကြံမှုတစ်ခုကို စုံစမ်းရင်း သံသယဖြစ်စရာတွေ တွေ့လာလို့ အမှုနောက်ကွယ်မှာ တခြားအကြောင်းရှိမလားဆိုပြီး လူသိမများခင် တစ်ယောက်တည်း လိုက်စုံစမ်းနေပါတယ်။ အဲဒီအချိန် ခင်ပွန်းဟောင်းက လာဖမ်းတော့ တစ်ယောက်က ဖမ်းလိုက်၊ တစ်ယောက်က လွတ်အောင် ပြေးလိုက်နဲ့ အလွဲတွေ ဖြစ်လာကြတယ်။ အမှုထဲ တဖြည်းဖြည်း ပါဝင်လာရာက နစ်ကိုးလ်ကို သတ်ဖို့ ကြိုးစားသူတွေပါ ပေါ်လာတဲ့အခါ သူတို့နှစ်ယောက်ရဲ့ ခရီးက အသက်အန္တရာယ်ကနေ အတူလွတ်အောင် ကြိုးစားရတဲ့ ခရီးဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မိုင်လိုရဲ့ အကြွေးရှင်တွေက သူ့ကို အမိဖမ်းဖို့ လိုက်နေကြတုန်းပါပဲ။ ဒီပြဿနာတွေကြားမှာ အိမ်ထောင်ရေးကို ပြန်ပြင်ဆင်ဖို့ ဒုတိယအခွင့်အရေးရလာရင် သူတို့ အသုံးချနိုင်ကြမလား။ Gerard Butler နဲ့ Jennifer Aniston တို့ အဓိကသရုပ်ဆောင်ထားပြီး Jason Sudeikis နဲ့ Christine Baranski တို့လည်း ပါဝင်ထားတဲ့ အချစ်၊ အက်ရှင်နဲ့ ဟာသ ရောစပ်ထားသော ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း