ဇာတ်ကားများ ရွေးရန်

A Good Woman

2004ဇာတ်ကားအမှတ် 6.3/1094 မိနစ်

ဇနီးရဲ့မွေးနေ့အတွက် မစ္စတာဝင်ဒါမီယာ ယပ်တောင်တစ်ချောင်း ရွေးဝယ်ရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီယပ်တောင်လေးကပဲ သူနဲ့ မစ္စစ်အာလင်းတို့ တွေ့ဆုံပတ်သက်ဖို့ အကြောင်းဖြစ်လာတာပါ။ မစ္စစ်အာလင်းက သူသာ ဝင်ဒါမီယာရဲ့ဇနီးဆိုရင် ဒီယပ်တောင်ကို လိုချင်မိမှာလို့ ပြောပြီး ယပ်တောင်ကို ကိုင်ပြဟန်အမျိုးမျိုး လုပ်ပြနေတယ်။ သူ့အပြုအမူက ဝင်ဒါမီယာကို စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြနေသလိုပါပဲ။ မစ္စစ်အာလင်းဟာ ယောက်ျားတွေကို မြှူဆွယ်တတ်သူဆိုပြီး နာမည်ဆိုးထွက်နေသူပါ။ ချစ်ချစ်ခင်ခင်ရှိကြတဲ့ ဝင်ဒါမီယာတို့လင်မယားကြား သူရောက်လာတဲ့အခါ နှစ်ယောက်ကြားက ကတိသစ္စာတွေ ဆက်ခိုင်မြဲနိုင်ဦးမလားဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။ ဒီဇာတ်ကားက Oscar Wilde ရဲ့ Lady Windermere's Fan ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Helen Hunt နဲ့ Scarlett Johansson တို့ အဓိကပါဝင်ထားပါတယ်။ ၂၀၀၄ ခုနှစ်ထွက် ဒီမူဟာ စတုတ္ထမြောက် ရုပ်ရှင်မူဖြစ်ပါတယ်။ အရင်ကလည်း မူရင်းပြဇာတ်အမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် ရုပ်ရှင်မူတွေ ထွက်ခဲ့ဖူးသလို The Fan ဆိုတဲ့အမည်နဲ့လည်း နှစ်ကြိမ် ရိုက်ကူးခဲ့ဖူးပါတယ်။

ဇာတ်လမ်းအကြောင်း