ဇာတ်ကားများ ရွေးရန်

What's Love Got to Do with It?

2023ဇာတ်ကားအမှတ် 6.2/10109 မိနစ်

ကက်ဇ်က လန်ဒန်မှာမွေးတဲ့ အသက် ၃၂ နှစ်အရွယ် ပါကစ္စတန်သား ဆရာဝန်တစ်ယောက်ပါ။ အိမ်ထောင်ရေးမှာ အချစ်က သိပ်အရေးမကြီးဘူး၊ နောက်တော့ သူ့အလိုလို အဆင်ပြေသွားမှာပဲလို့ ယူဆထားသူဖြစ်ပါတယ်။ သူ့ငယ်သူငယ်ချင်း ဇိုဝီကတော့ ဆုတွေရထားတဲ့ ဗြိတိန်သူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာပါ။ အိမ်ထောင်ပြုလို့ ကောင်းတယ်ဆိုတာ ပုံပြင်ထဲမှာပဲ ရှိမယ်လို့ ထင်ပြီး ယောက်ျားတွေအပေါ်လည်း အကောင်းမမြင်တတ်သူပါ။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုနှစ်စုလည်း ပြောမနာဆိုမနာ ရင်းနှီးကြပါတယ်။ တစ်နေ့မှာ ကက်ဇ်ရဲ့မိဘတွေက ပါကစ္စတန်ရိုးရာအတိုင်း သူ့အတွက် အိမ်ထောင်ဖက်ရှာပြီး လက်ထပ်ပေးဖို့ စီစဉ်လာကြတယ်။ ဇိုဝီကလည်း မိဘတွေစီစဉ်ပေးတဲ့ ဒီလက်ထပ်ပွဲအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ဖို့ဖြစ်လာပါတယ်။ အဲဒီကနေ ပါကစ္စတန်လူမျိုးတွေရဲ့ အိမ်ထောင်ဖက်ရှာပုံ၊ မိဘတွေစီစဉ်ပေးတဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ဟာသနှောပြီး ဆက်ပြထားတယ်။ ကက်ဇ်ရဲ့လက်ထပ်ပွဲအစီအစဉ်နဲ့ ဇိုဝီရဲ့မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုကြားမှာလည်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ရှိလာပါတယ်။

ဇာတ်လမ်းအကြောင်း