Sound of Silence
အမ်မာက အဆိုတော်ဖြစ်ချင်ပေမယ့် အကဲဖြတ်ဒိုင်တွေရှေ့ ရောက်တိုင်း ကြောက်လွန်းလို့ အသံတောင် မထွက်နိုင်တော့သူပါ။ အဲဒီလိုနဲ့ ကိုယ့်ပါရမီကို ထုတ်ပြခွင့်မရဖြစ်နေတုန်း အီတလီမှာရှိတဲ့ အမေက ဖုန်းဆက်ပြီး ပြန်လာဖို့ ခေါ်လိုက်ပါတယ်။ ပြန်ရောက်တော့ အဖေက လှေကားပေါ်က ပြုတ်ကျပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်။ အမေ့ကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေရှိနေတဲ့အတွက် ဆရာဝန်တွေက အိမ်တွင်းအကြမ်းဖက်မှုလို့ ယူဆပြီး သေချာစောင့်ကြည့်ဖို့ ပြောထားကြပါတယ်။ ဒါပေမဲ့ အမေက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့သူဟာ အမ်မာ့အဖေ မဟုတ်ဘူးလို့ ပြောနေတယ်။ အမ်မာလည်း အိမ်ပြန်ပြီး ဖြစ်ခဲ့သမျှကို စူးစမ်းကြည့်ရာက အဖေပြင်နေတဲ့ ရေဒီယိုအဟောင်းတစ်လုံးထဲက အရာတစ်ခုကြောင့် ဒီလိုတွေ ဖြစ်ခဲ့မှန်း သိလာရပါတယ်။ အဲဒီနောက် သူဘာတွေ ဆက်ကြုံရမလဲဆိုတာကို သည်းထိတ်ရင်ဖိုပုံစံနဲ့ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း