Evil Dead Rise
အယ်လီက ကလေးသုံးယောက်ကို ပြုစုပျိုးထောင်နေတဲ့ တစ်ကိုယ်ရည်မိခင်ဖြစ်ပြီး တက်တူးပညာရှင်တစ်ယောက်ပါ။ သူ့ညီမ ဘက်သ်ကတော့ ဂစ်တာနည်းပညာရှင်ဖြစ်ပါတယ်။ ဘက်သ်က အစ်မအိမ်ကို လာလည်တဲ့တစ်နေ့မှာ ကလေးတစ်ယောက်က သေမင်းစာအုပ်ကို မတော်တဆ တွေ့သွားပြီး မိစ္ဆာတွေ လွတ်မြောက်လာပါတော့တယ်။ အဲဒီနောက် အယ်လီ၊ ဘက်သ်နဲ့ ကလေးသုံးယောက်ဟာ အသက်ရှင်လွတ်မြောက်ဖို့ ရုန်းကန်ကြရတယ်။ ဒီငါးယောက်ထဲက ဘယ်သူတွေ အသက်ဆုံးရှုံးရမလဲ၊ ဘယ်သူတွေက ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာကို ဆက်ကြည့်ရမှာပါ။ ဒီဇာတ်ကားဟာ Evil Dead ရုပ်ရှင်တွဲရဲ့ ပဉ္စမမြောက်ကားဖြစ်ပြီး The Hole in the Ground ကို ရိုက်ကူးခဲ့တဲ့ Lee Cronin က ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ မူရင်းသုံးကားရဲ့ အဓိကသရုပ်ဆောင် ဘရုစ်ကမ်းဘဲကိုတော့ ဒီကားမှာ လူကိုယ်တိုင် မတွေ့ရပေမယ့် အသံဖမ်းတိတ်ခွေတစ်နေရာမှာ သူ့အသံကို ထည့်သုံးထားတယ်။ အရင်ရုပ်ရှင်တွေထဲက ကြောက်စရာစကားတချို့ကိုလည်း ပြန်လည်ထည့်သွင်းထားပါတယ်။
ဇာတ်လမ်းအကြောင်း