Sid is Dead
ဆစ်ဒ်က အထက်တန်းကျောင်းမှာ ပြဿနာတွေကို ရင်မဆိုင်ရဲဘဲ အမြဲရှောင်နေတတ်တဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျောင်းသားဘဝကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ သူ့အတွက်သူ စည်းကမ်းတွေတောင် သတ်မှတ်ထားတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လူတကာကို အနိုင်ကျင့်နေတဲ့ ဩဇာရှိသူတစ်ယောက်ရဲ့သားနဲ့ ပြဿနာတက်မိပြီး တစ်ဖက်က ကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။ အဲဒီကောင် ပြန်လာရင်တော့ သူ့အတွက် မလွယ်တော့ဘူးလို့ ဆစ်ဒ်က ထင်သွားတယ်။ အသက်ရှင်ဖို့ နှစ်ပတ်ပဲကျန်တော့သလို ခံစားလာရတဲ့အတွက် မသေခင်လုပ်ချင်တာတွေကို စာရင်းချပြီး အရင်က မလုပ်ရဲခဲ့သမျှ လိုက်လုပ်ပါတော့တယ်။ အမြဲရှောင်ပုန်းနေခဲ့သူက ဒီလိုလျှောက်လုပ်ရာက ဘယ်လိုအလွဲတွေနဲ့ ပြဿနာတွေ ကြုံရဦးမလဲ။ အမေရိကန်အထက်တန်းကျောင်းသားတွေရဲ့ ဖိအားနဲ့ အလွဲတွေကို ဟာသအဖြစ် တင်ပြထားသလို ပညာရေးစနစ်နဲ့ ကျောင်းတွေက ကျောင်းသားဘဝအပေါ် ထိခိုက်စေနိုင်ပုံကိုလည်း သရော်ထားပါတယ်။ စကားအသုံးအနှုန်းကြမ်းတာတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း