ဇာတ်ကားများ ရွေးရန်

The Cases of Mystery Lane

2023ဇာတ်ကားအမှတ် 6.2/1084 မိနစ်

Birdie နဲ့ Alden တို့လင်မယားက တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်း မရှိကြဘဲ ကိုယ်စီလျှို့ဝှက်ချက်တွေနဲ့ နေကြသူတွေပါ။ Birdie က သူ့အလုပ်ရှင်လည်းဖြစ်တဲ့ အမေရဲ့ဖိအားအောက်မှာ အိမ်ခြံမြေဆိုင်ရာ ရှေ့နေအလုပ် လုပ်နေပါတယ်။ Alden ကတော့ အလွတ်စုံထောက်ဖြစ်ဖို့ သင်တန်းတက်နေတာကို မိန်းမမသိအောင် ဖုံးထားတယ်။ အဲဒီလို သင်တန်းခိုးတက်နေရာက Alden ဟာ လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်မိသွားပါတယ်။ Birdie ကိုယ်တိုင်လည်း အဲဒီအမှုနဲ့ မကင်းမရှင်း ဖြစ်နေတဲ့အခါ လျှို့ဝှက်ချက်ကိုယ်စီရှိတဲ့ ဒီလင်မယား ဘာတွေဆက်ကြုံရမလဲ။ ၂၀၂၃ အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ ရုပ်သံဇာတ်ကားဖြစ်ပြီး လူသတ်မှုနဲ့ စုံထောက်အကြောင်းကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း