ဇာတ်ကားများ ရွေးရန်

Side Seeing

2022ဇာတ်ကား89 မိနစ်

ဗီယက်နမ်က သန်းကြွယ်သူဌေးတစ်ယောက်ရဲ့သမီး မေဟာ သူချစ်တဲ့အိုင်ဒေါလ် ပါ့ခ်နဲ့ တွေ့ဖို့ ထိုင်းနိုင်ငံကို ရောက်လာပါတယ်။ ပါ့ခ်နဲ့အတူ ညစာစားရင်း မွေးနေ့ကျင်းပနိုင်အောင် အဖေဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ် စီစဉ်ပေးထားတာပါ။ အမြဲတမ်း အဖေ့အရိပ်အောက်မှာ အထိန်းတော်တွေ၊ ကိုယ်ရံတော်တွေနဲ့ နေလာရတဲ့ မေအတွက် ဒီခရီးက သူတွေ့ချင်နေတဲ့သူနဲ့ ရင်းရင်းနှီးနှီးတွေ့ရမယ့် အခွင့်အရေးဖြစ်နေတယ်။ ထိုင်းကိုရောက်တော့ မေဟာ ဆိုင်ကယ်သမားလေး ဘွိုင်းနဲ့ မထင်မှတ်ဘဲ ဆုံမိပါတယ်။ ဘွိုင်းရဲ့အကူအညီနဲ့ ကိုယ်ရံတော်တွေလက်ကနေ ထွက်ပြေးပြီး ပါ့ခ်ရဲ့အမြင်မှာ အထင်ကြီးစရာကောင်မလေးတစ်ယောက် ဖြစ်လာဖို့ ကြိုးစားတော့တယ်။ အဖေက ပိုးလိုဥထားတဲ့ မေနဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ဘွိုင်းတို့ အတူသွားလာကြရင်း အလွဲအချော်တွေနဲ့ ကြုံကြရပါတယ်။ Push နဲ့ August တို့ ပါဝင်ထားတဲ့ အချစ်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း