Holes
စတန်လီ ယဲနက် လေးဟာ မိသားစုမှာ နှစ်ပေါင်း ၁၅၀ ကျော်ကြာနေပြီဖြစ်တဲ့ ကျိန်စာကြောင့် အမြဲကံဆိုးနေရသူပါ။ တစ်နေ့ လမ်းလျှောက်နေတုန်း အပေါ်ကနေ သူ့ခေါင်းပေါ် ဖိနပ်တစ်ရံ ကျလာပါတယ်။ အဲဒီဖိနပ်ကို ယူသွားမိရာက ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ် လူငယ်ပြုပြင်ရေးစခန်းဆီ အပို့ခံလိုက်ရတော့တယ်။ ဂရင်းလိတ်ခ်က လူငယ်တွေကို ပြုပြင်ပေးတဲ့စခန်းဆိုပေမယ့် တကယ်ရောက်သွားတဲ့အခါ အတင်းအကြပ် အလုပ်ကြမ်းခိုင်းတဲ့နေရာ ဖြစ်နေပါတယ်။ အဆိပ်ရှိတဲ့ မြွေတွေ၊ ဖွတ်တွေရှိရာ ကန္တာရထဲမှာ နေ့တိုင်း ငါးပေနက်ပြီး ငါးပေကျယ်တဲ့ တွင်းတွေ တူးကြရတယ်။ စခန်းကြီးကြပ်ရေးမှူးက တစ်ခုခုကို ရှာခိုင်းနေတာဖြစ်ပေမယ့် ဘာကိုရှာနေမှန်းတော့ သူတို့မသိကြဘူး။ စတန်လီဟာ စခန်းမှာ အသားကျအောင် နေထိုင်ရင်း ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးကို စာဖတ်တတ်အောင် သင်ပေးနေပါတယ်။ တစ်နေ့မှာ ဟက်တာက ပြဿနာတစ်ခုကြောင့် စခန်းကနေ ထွက်ပြေးသွားတယ်။ အဲဒီကန္တာရထဲမှာ တစ်ယောက်တည်း အသက်ရှင်ဖို့ မဖြစ်နိုင်တာကြောင့် စတန်လီလည်း သူ့နောက်ကို လိုက်သွားခဲ့ပါတယ်။ သူတို့ကို တူးဖော်ရှာခိုင်းနေတဲ့အရာက စတန်လီတို့မိသားစုရဲ့ကျိန်စာနဲ့ရော၊ ကြီးကြပ်ရေးမှူးရဲ့မိသားစုနဲ့ပါ ဆက်နွယ်နေပါတယ်။ စတန်လီနဲ့ ဟက်တာတို့ ကန္တာရထဲမှာ ရှင်သန်နိုင်ကြမလား၊ ရှာနေတဲ့အရာကို တွေ့ကြမလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ စတန်လီရဲ့ဘိုးဘေးတွေ အတိတ်မှာ ဘာကြုံခဲ့ကြသလဲဆိုတာကိုပါ ဆက်ဖော်ပြထားတယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီမိသားစုဟာသဒရမ်မာမှာ Shia LaBeouf က စတန်လီအဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း