Nanpakal Nerathu Mayakkam
မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးက ပြန်လာတဲ့လမ်းမှာ အမျိုးသားတစ်ယောက်က ကားကို ရပ်ခိုင်းလိုက်ပါတယ်။ ကားပေါ်က တခြားလူအားလုံး အိပ်ပျော်နေချိန်မှာ သူက ကားပေါ်ကနေ ဆင်းသွားတယ်။ အချိန်အတော်ကြာတဲ့အထိ ပြန်မလာတော့မှ အတူပါလာသူတွေက လိုက်ရှာကြပါတယ်။ ပြန်တွေ့တဲ့အခါမှာတော့ သူဟာ တခြားရွာက လူတစ်ယောက်လို ဖြစ်နေပြီး ခရီးအတူသွားခဲ့သူတွေကို လုံးဝမမှတ်မိတော့ဘူး။ မာလယာလမ်လူမျိုးဖြစ်တဲ့သူက လမ်းခုလတ်က တမီလ်ရွာလေးမှာ နေထိုင်သူတစ်ယောက်လို ဖြစ်နေပါတယ်။ အရင်က တမီလ်ဘာသာစကားကို မနှစ်မြို့ခဲ့ပေမယ့် အခုတော့ တမီလ်လို ချောချောမွေ့မွေ့ ပြောနေတော့တယ်။ မမ်မူးတီး ပါဝင်ထားတဲ့ ဒီဇာတ်လမ်းမှာ ကားပေါ်က ဆင်းသွားပြီးနောက် သူ့မှာ ဘာဖြစ်သွားခဲ့တာလဲ၊ ဘာကြောင့် ဒီလိုပြောင်းလဲသွားရတာလဲဆိုတာကို ဆက်အဖြေရှာရပါတယ်။
ဇာတ်လမ်းအကြောင်း