ဇာတ်ကားများ ရွေးရန်

The Grudge 3

2009ဇာတ်ကားအမှတ် 5.4/1090 မိနစ်

ဒုတိယဇာတ်ကားမှာ လွတ်မြောက်လာခဲ့တဲ့ ဂျိတ်ကို စိတ်ကျန်းမာရေးဆေးရုံတစ်ခုဆီ ပို့လိုက်ကြပါတယ်။ ဒါပေမဲ့ ဆေးရုံရောက်သွားလည်း ကာယာကိုရဲ့ရန်ကနေ မလွတ်သေးပါဘူး။ ကာယာကို ရောက်လာတဲ့အခါ ဂျိတ်က ထွက်ပြေးဖို့ ကြိုးစားပေမယ့် တံခါးပိတ်ထားလို့ ထွက်မရဖြစ်နေတယ်။ သူပြောတာတွေကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေခဲ့တဲ့ ဒေါက်တာဆူလီဗန်ဟာ ဂျိတ် ရက်ရက်စက်စက် အသတ်ခံလိုက်ရမှ သူ့လူနာရဲ့ ထူးဆန်းတဲ့သေဆုံးမှုကို စုံစမ်းဖို့ ကြိုးစားပါတော့တယ်။ ဂျိတ် နေခဲ့တဲ့တိုက်ခန်းမှာလည်း ကျိန်စာက ပြန်ပေါ်လာနေပါတယ်။ လူတွေ ခဏခဏ သေဆုံးနေတဲ့အတွက် အိမ်ငှားတွေ ပြောင်းရွှေ့ကုန်ကြပြီး အဆောက်အဦကို ကြည့်ရှုပေးနေတဲ့ မက်စ်မှာ အခက်တွေ့နေရတယ်။ မက်စ်က အိမ်ငှားခပေးစရာမလိုဘဲ အဲဒီမှာ နေထိုင်ခွင့်ရထားသူဖြစ်ပြီး ညီမနှစ်ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေပါတယ်။ မွေးရာပါရောဂါရှိတဲ့ ညီမလေး ရို့စ်ကိုလည်း သူက စောင့်ရှောက်ပေးနေရတာပါ။ နောက်ညီမတစ်ယောက်ဖြစ်တဲ့ လီဆာက ရို့စ်ရဲ့ ဆေးကုသစရိတ်အတွက် အထောက်အကူဖြစ်ဖို့ ချစ်သူနဲ့အတူ နယူးရောက်ကို သွားအလုပ်လုပ်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ လီဆာတို့ချစ်သူနှစ်ယောက် သီးသန့်အတူနေဖို့ အခန်းရှာရင်း ကျိန်စာသင့်အခန်းထဲ မှားဝင်မိသွားပါတယ်။ ဒီအချိန်မှာပဲ ကာယာကိုရဲ့ညီမ နာအိုကိုက အစ်မဖြစ်သူရဲ့ ကျိန်စာကို တားဆီးဖို့ ဂျပန်ကနေ ချီကာဂိုအထိ ရောက်လာပါတယ်။

ဇာတ်လမ်းအကြောင်း