ဇာတ်ကားများ ရွေးရန်

Operation Nation

2022ဇာတ်ကားအမှတ် 5.3/1096 မိနစ်

စတက်ရှ်က ညီမနဲ့ အခန်းတစ်ခန်းတည်း အတူနေပြီး ကားပါကင်မှာ အစောင့်လုပ်နေရတဲ့ လူငယ်တစ်ယောက်ပါ။ ဘဝမှာ ဘာဆက်လုပ်ရမလဲ မသိသေးပေမယ့် ချို့ချို့တဲ့တဲ့ အခုလိုအခြေအနေကိုတော့ စိတ်ကုန်နေပြီ။ ကိုယ့်ဘဝ တိုးတက်ပြောင်းလဲဖို့ တစ်ခုခု လုပ်ချင်နေပါတယ်။ တစ်နေ့မှာ သူ့ဝမ်းကွဲအစ်ကို ရိုမန်က သူ့အဖွဲ့ထဲဝင်ဖို့ လာခေါ်တယ်။ ရိုမန်ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သလို တတိယအင်ပါယာကို ထောက်ခံသူလည်း ဖြစ်ပါတယ်။ လက်ရှိဘဝကနေ ပြောင်းလဲနိုင်ဖို့ ဘာမဆိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ စတက်ရှ်က အဲဒီအဖွဲ့ထဲ ဝင်လိုက်တယ်။ အဲဒီနောက် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ကြုံလာရပုံကို ရိုက်ကူးထားတဲ့ Netflix ရဲ့ ပိုလန်နိုင်ငံရေး ဟာသဒရမ်မာပါ။

ဇာတ်လမ်းအကြောင်း