ဇာတ်ကားများ ရွေးရန်

Masquerade

2022ဇာတ်ကားအမှတ် 6.9/10142 မိနစ်

အက်ဒရီယမ်ဟာ အကသမားတစ်ယောက်ဖြစ်ပေမယ့် ဆိုင်ကယ်တိုက်ခံရပြီးနောက် သူ့ဝါသနာ၊ အလုပ်နဲ့ ချစ်သူကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ မူးယစ်ဆေးသုံးလိုက်၊ အရက်သောက်လိုက်နဲ့ ဖြစ်သလို နေလာခဲ့တယ်။ ဒီလိုနေနိုင်ဖို့ ငွေလိုလာတဲ့အခါ အသက်ကြီးပြီး ချမ်းသာတဲ့ မိန်းမတွေဆီကနေ ငွေချူစားလာပါတော့တယ်။ တစ်နေ့မှာ သူ့လိုပဲ သူများဆီက ငွေချူစားနေတဲ့ မိန်းမချောလေး မာဂေါ့နဲ့တွေ့ပြီး နှစ်ယောက်သား ချစ်မိသွားကြတယ်။ ဒါပေမယ့် အချစ်ရှိရုံနဲ့ ဆင်းဆင်းရဲရဲ အတူနေဖို့တော့ နှစ်ယောက်လုံး စိတ်ကူးမရှိကြဘူး။ ငွေရဖို့ အလိမ်အညာတွေကို အတူကြံစည်ကြတဲ့အခါ သူတို့ရဲ့ဟန်ဆောင်မှုတွေနောက်မှာ ဘာတွေရှိနေမလဲ၊ သူများခံစားချက်ကို အသုံးချနေတဲ့ သူတို့နှစ်ယောက်ကိုရော ဘယ်သူတွေက ပြန်သစ္စာဖောက်လာမလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ Francois Cluzet ပါဝင်ထားတဲ့ ဒီရာဇဝတ်ဒရာမာမှာ အချစ်ကို အလွန်အမင်းယုံကြည်သူတွေ၊ ကိုယ်ကျင့်တရားဖောက်ဖျက်သူတွေနဲ့ ကိုယ့်အကျိုးကိုသာ ကြည့်သူတွေအကြောင်းကို ဟာသရောစပ်ပြီး တင်ပြထားပါတယ်။ လိင်ပိုင်းဆိုင်ရာအခန်းတွေ ပါဝင်တာကြောင့် မိသားစုအတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း