ဇာတ်ကားများ ရွေးရန်

Pain & Gain

2013ဇာတ်ကားအမှတ် 6.3/10130 မိနစ်

ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)ဟာ သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်ပဲ သူသည် ဒီထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်ဟုခံယူထားသူတစ်ဦးဖြစ်ပါတယ် ။ ထိုတွင် ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်သင်ကြားပေးနေတဲ့ နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲမယ့် အကြံပါ... သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder , Adrien Doorbal (Anthony Mackie)၊ နှင့် ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ပါဝင်ဖို့ဆွဲသွင်းပြီးနောက်... သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ... အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အဆိုးဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြကုန်ပါတော့တယ် ။ ဒီဇာတ်ကားဟာ IMDb Rating - 6.4/10 ရရှိထားပြီး ဖလော်ရီဒါပြည်နယ်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ File size__( 1.1 GB) and ( 2.2 GB ) Quality__Bluray-1080p , 720p IMDb Rating__6.4/10 Format__mp4 Duration__02:09:36 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း