Kudimahaan
မသောက်မစားနဲ့ ရိုးရိုးသားသားနေတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ဟာ အဖေ့ကို ဆေးရုံလိုက်ပို့ရင်း ကော်ဖီတစ်ခွက် မှာသောက်မိပါတယ်။ ဘာနဲ့ ဓာတ်မတည့်သွားတာလဲတော့ မသိဘူး၊ ကော်ဖီသောက်ပြီးနောက် တကယ်မရှိတာတွေကို မြင်လာပြီး အရက်မူးနေသူလို ဖြစ်သွားတော့တယ်။ ဆေးရုံမှာ အသိစိတ်လွတ်နေသလို ရမ်းကားနေလို့ လူတွေ ဝိုင်းဆွဲကြရတဲ့အထိ ပွက်လောရိုက်ကုန်ပါတယ်။ နောက်တစ်ခါ မိတ်ဆွေတစ်ယောက်ရဲ့ပွဲမှာလည်း အရက်ရောထားတဲ့ အအေးကို သောက်မိပြီး ပွဲပျက်လုနီးပါး ရမ်းကားမိပြန်တယ်။ ခက်တာက အိမ်ပြန်ရောက်တိုင်း သူလုပ်ခဲ့သမျှ တစ်ခုမှ မမှတ်မိတော့တာပါ။ အဖေနဲ့ ဇနီးက အရက်သမားလို့ စွပ်စွဲကြပေမယ့် သူကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘဲ စိတ်ညစ်နေရပါတယ်။ အလုပ်မှာလည်း သူ့တပည့်လေးရဲ့ မုန့်ပဲသရေစာကို စားမိပြီးနောက် ဟက်ကာတစ်ယောက် ဖောက်ထွင်းထားတဲ့ အေတီအမ်စက်ထဲကို ငွေစက္ကူအမျိုးအစား မှားထည့်မိရာက ပြဿနာကြီး တက်တော့တယ်။ မသောက်ဘဲ မူးနေသလိုဖြစ်ရတဲ့ ဒီလူရိုးသား ဘယ်လိုရှင်းရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း