Full of Grace
Real Madrid ကစားသမားဟောင်း Valdo ရဲ့ ငယ်ဘဝကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ သီလရှင်တွေ ဦးစီးတဲ့ မိဘမဲ့ကျောင်းတစ်ကျောင်းက ကောင်လေးတစ်သိုက်အကြောင်း ပြထားပါတယ်။ စနစ်ရဲ့ အပယ်ခံဖြစ်နေတဲ့ ဒီကလေးတွေက ဆိုးပေကြလွန်းလို့ သီလရှင်ဆရာမတွေတောင် လက်လျှော့ချင်နေကြပြီး မြို့ခံတွေနဲ့လည်း အမြဲပြဿနာတက်နေကြတယ်။ ဆရာမတွေမှာ ကလေးတွေရဲ့ပြဿနာကို လိုက်ရှင်းနေရတဲ့အပြင် ကျောင်းအခြေအနေကလည်း မကောင်းတော့ပါဘူး။ ပိတ်သိမ်းရနိုင်တာကြောင့် ကောင်လေးတွေကို ပြည်နယ်မိဘမဲ့ကျောင်းဆီ ပို့ဖို့ ဆုံးဖြတ်နေကြရတယ်။ အဲဒီလိုအချိန် နွေရာသီအားလပ်ရက်တစ်ခုမှာ သီလရှင်ဆရာမအသစ် ရောက်လာပြီး Valdo တို့အဖွဲ့ကို ထိန်းဖို့ တာဝန်ကျလာပါတယ်။ ကန့်လန့်တိုက်တတ်တဲ့ ကလေးတွေကို ဘယ်လိုထိန်းရမလဲလို့ နည်းလမ်းရှာနေရင်း သူတို့ ဘောလုံးကန်ရတာ ဝါသနာပါကြောင်း ဆရာမ သိသွားခဲ့တယ်။
ဇာတ်လမ်းအကြောင်း