ဇာတ်ကားများ ရွေးရန်

Anacondas: Trail of Blood

2009ဇာတ်ကားအမှတ် 4.7/1089 မိနစ်

ဒီတစ်ခေါက် ကျွန်တော်တို့မြွေကားကြည့်ရအောင်ဗျာ မြွေကားဆိုလို့ ထိုင်းကားတွေဘာတွေတော့မထင်လိုက်နဲ့ဦးနော် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့လွန်းလို့ 4ကားအထိထွက်ခဲ့ပြီး Game တွေပါ ထွက်ခဲ့တဲ့ Anaconda ဇာတ်ကားပဲဖြစ်ပါတယ် ဒီနေ့တင်ဆက်မှာက လေးကားမြောက် movie လေး Anacondas:Trail of Blood ဖြစ်ပါတယ် Trail of Blood မှာ မြွေကြီးကဘယ်ကနေပေါ်ပေါက်ခဲ့မှာလဲဆိုတော့ ဆေးဘက်ဆိုင်ရာ ပညာရှင် Peter ရဲ့ စမ်းသပ်ခန်းထဲကပါ Peter က အရမ်းချမ်းသာတဲ့လူတစ်ယောက်ရဲ့ အရိုးကင်ဆာကို ကုသပေးဖို့ပန်းတစ်မျိုးဆီကရတဲ့အရည်ကို ဗီဇအဆင့်မြှင့်ပြီး Serum ထုတ်နေတာပါ သူ့ရဲ့serum အလုပ်ဖြစ်မဖြစ် ဒီမြွေနဲ့စမ်းသပ်ခဲ့ပါတယ် ဒီလိုနဲ့ serum ကအရမ်းတွေ ထိန်းမရသိမ်းမရ အလုပ်ဖြစ်သွားတဲ့အခါ မြွေကြီးက anaconda ကြီးဖြစ်သွားတယ်ပေါ့ဗျာ အဲ့ဒီအချိန် တောထဲကို မတူညီတဲ့ရယ်ရွယ်ချက်တွေနဲ့ လူတွေရောက်လာပါတယ် မထင်မှတ်ဘဲဒီလူတွေ ပေါင်းစုမိသွားပြီး ဒီလိုမြွေကြီးက ဒီလူတွေကို ဘယ်လိုအန္တရာယ်ပေးမလဲ လူတွေက ဘယ်လိုခြေမှုန်းမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ 2009 ခုနှစ်က ထွက်ထားတဲ့ကားဆိုတော့ CGI တွေက အဲ့ဒီခေတ်ရဲ့အကောင်းဆုံးစနစ်နဲ့လုပ်ထားတာပါ ဆိုတော့ ကျွန်တော်တို့ 2009 ခုနှစ်ကခံစားချက်ကို ပြန်ရမှာနော် အရင်တုန်းက အိမ်မှာ မိသားစုတွေဝိုင်းကြည့်ခဲ့ကြတဲ့ဧရာမမြွေကားပေါ့ ရုပ်ရှင်ကြည့်ပြီး အိပ်တာတောင် ဒီမြွေကြီး ငါ့ဆီရောက်လာရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး ရင်တွေတုန်ခဲ့ရတဲ့ ငယ်ငယ်တုန်းကဇာတ်ကားလေးဆိုတော့ ကြည့်ရှူကြည့်ရအောင်ပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Amelia ပါ ) Quality__HEVC 1080p ,720p IMDb Rating__/10 Format__mp4 Duration__01:40:00 Type__Action , Adventure , Horror Subtitle__Myanmar Subtitle (Hardsub) Translated by Amelia Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း