ဇာတ်ကားများ ရွေးရန်

The Best Man Holiday

2013ဇာတ်ကားအမှတ် 6.6/10123 မိနစ်

စာရေးဆရာဟာပါရဲ့ စာအုပ်က မရောင်းရတာကြောင့် ထုတ်ဝေသူက ဆက်မထုတ်ပေးတော့ဘဲ သူငယ်ချင်းဟောင်းဖြစ်တဲ့ အားကစားသမားလန့်စ်ရဲ့ အတ္ထုပ္ပတ္တိကို ရေးဖို့ အကြံပေးလာပါတယ်။ ဇနီးကလည်း ကလေးမွေးတော့မှာမို့ ငွေလိုနေတဲ့ဟာပါဟာ ဒီအကြံကို လက်ခံသင့်မသင့် တွေဝေနေတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းဟောင်းတစ်ယောက်လည်းဖြစ်၊ လန့်စ်ရဲ့ဇနီးလည်းဖြစ်တဲ့ မီယာက ခရစ်စမတ်ပိတ်ရက်မှာ သူငယ်ချင်းတွေ အတူပြန်ဆုံကြဖို့ ဖိတ်လာပါတယ်။ ငယ်သူငယ်ချင်းတွေ ပြန်တွေ့ပြီး အရင်လို ခင်ခင်မင်မင်နေနိုင်ဖို့ ကြိုးစားကြပေမဲ့ သူတို့ကြားမှာ ရင်ဆိုင်ရမယ့်ကိစ္စတွေလည်း ရှိနေတယ်။ ဟာပါက ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ လန့်စ်ရဲ့အတ္ထုပ္ပတ္တိကို ရေးဖြစ်မလား၊ ရေးဖို့ဆုံးဖြတ်ရင် လန့်စ်ကို ဘယ်လိုစည်းရုံးမလဲ။ ခရစ်စမတ်မှာ ပြန်ဆုံကြတဲ့ ဒီသူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့ ပြဿနာတွေကို ဟာသ၊ ဒရာမာ ရောပြီး ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း