ဇာတ်ကားများ ရွေးရန်

A Little White Lie

2023ဇာတ်ကားအမှတ် 5.8/10101 မိနစ်

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ဝတ္ထုတစ်အုပ်နဲ့ စာပေလောကကို လှုပ်ခတ်စေခဲ့တဲ့ ရှရိုက်ဗာဆိုတဲ့ စာရေးဆရာတစ်ယောက် ရှိခဲ့ပါတယ်။ သူက လူလုံးထွက်မပြသူဖြစ်ပြီး သမ္မတက ပေးတဲ့ အမျိုးသားစာပေဆုကိုတောင် တက်မယူခဲ့ဘူး။ အဲဒီစာအုပ်တစ်အုပ် ထွက်ပြီးနောက်မှာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ အခုတော့ ပရော်ဖက်ဆာကလီရီတို့ဟာ တက္ကသိုလ်စာပေပွဲတော်အတွက် အခက်တွေ့နေကြတယ်။ ဘုတ်အဖွဲ့က ဘတ်ဂျက်ဆက်မပေးတော့တဲ့အတွက် ပွဲတော်ကို ဆက်ကျင်းပနိုင်ဖို့ နည်းလမ်းရှာရင်း ကလီရီက ရှရိုက်ဗာကို ရှာဖွေဖိတ်ကြားလိုက်ပါတယ်။ သူသာ လာတက်မယ်ဆိုရင် ပွဲတော်ကို လူတွေ ပြန်စိတ်ဝင်စားလာပြီး ဆက်ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် ဖိတ်စာရောက်သွားတဲ့ ရှရိုက်ဗာကတော့ စာရေးဆရာမဟုတ်ပါဘူး။ သူများခိုင်းသမျှလုပ်ပြီး နေ့ရက်တွေကို ဖြတ်သန်းနေတဲ့ အထီးကျန်အရက်သမားတစ်ယောက်ပါ။ ကြောင်လေးကိုပိုက်ပြီး အိပ်ရာပေါ်ကနေ ရေယိုနေတဲ့မျက်နှာကြက်ကို ကြည့်နေတတ်တဲ့ သူ့ကို ဘေးကမိတ်ဆွေက စာရေးဆရာအဖြစ် ဟန်ဆောင်သွားရင် ဆုတွေဘာတွေ ရနိုင်တယ်ဆိုပြီး မြှောက်ပေးလိုက်တယ်။ ဒီလိုနဲ့ သူလည်း စာပေပွဲတော်ကို ဟန်ဆောင်တက်ရောက်ဖို့ ဖြစ်လာပါတယ်။ သုံးရက်ကြာမယ့် ပွဲတော်အတွင်း သူ့ကို စာရေးဆရာလို့ ယုံနေကြသူတွေကြားမှာ ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲ၊ အလိမ်အညာတွေ ပေါ်သွားမလားဆိုတာကို စာပေလောကရဲ့ အလွဲအမှားတွေနဲ့အတူ ဟာသဒရမ်မာပုံစံ တင်ဆက်ထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Michael Shannon နဲ့ Kate Hudson တို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း