Neetho
ဆပ်တရာနဲ့ မယ်ဂနာတို့ဟာ စီးပွားရေးတောင့်တင်းပြီး အချင်းချင်း စီးပွားဖက်လည်း ဖြစ်နိုင်တဲ့ မိသားစုနှစ်စုကပါ။ မယ်ဂနာက ဆပ်တရာကို တကယ်ချစ်ပြီး ဘဝကို အတူရှေ့ဆက်ချင်ပေမယ့် ဆပ်တရာနဲ့ နှစ်ဖက်မိဘတွေကတော့ စီးပွားရေးအကျိုးအတွက် ပေါင်းဖက်ဖို့ ဆုံးဖြတ်ထားကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဗာရွန်နဲ့ အာနူရှာတို့က အချင်းချင်း မေတ္တာမျှခဲ့ကြတဲ့ ချစ်သူတွေပါ။ ဒါပေမယ့် နှစ်ယောက်တန်ဖိုးထားတဲ့အရာတွေ မတူညီတာကြောင့် အတူဘဝထူထောင်ဖို့ ကြန့်ကြာနေကြတယ်။ အဲဒီအချိန်မှာပဲ အာမခံဝန်ဆောင်မှုပေးနေတဲ့ ဗာရွန်ဟာ ဆပ်တရာနဲ့ မယ်ဂနာတို့ရဲ့ စုံတွဲအာမခံကိစ္စကို ဆောင်ရွက်ပေးရင်း သူတို့နဲ့ ဆုံလာပါတယ်။ အပြင်ပန်းမှာ အရာအားလုံး ပြည့်စုံနေတာနဲ့ပဲ အချစ်လို့ ယူဆပြီး ရှေ့ဆက်လို့ရမလား။ ချစ်ခြင်း၊ စီးပွားရေးနဲ့ ကိုယ်တန်ဖိုးထားရာတွေကြားမှာ ဒီလူတွေ ဘယ်လိုရွေးချယ်ကြမလဲဆိုတာကို ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း