Bholaa
ရဲမေဒိုင်ယာနာဟာ တစ်ခါအာရုံစိုက်မိတဲ့အမှုကို လက်လွှတ်မပေးတတ်လို့ ရန်သူတွေက စုန်းမလို့တောင် ခေါ်ကြသူပါ။ သူဖမ်းမိလိုက်တဲ့ သန်းတစ်ထောင်တန် ကိုကင်းတွေရဲ့ပိုင်ရှင်ကတော့ အလွန်ကြီးမားတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေပါတယ်။ အလုပ်လုပ်ပုံ ပိရိလွန်းလို့ အဖမ်းမခံခဲ့ရတဲ့ ဒီဂိုဏ်းဟာ အခုလို အကြီးအကျယ် ဆုံးရှုံးလိုက်ရတဲ့အခါ ဒိုင်ယာနာ့ကို အငြိုးထားပြီး လိုက်ရှာတော့တယ်။ တစ်ဖက်မှာ ဘိုလာဆိုတဲ့လူက အမှုတစ်ခုကြောင့် ထောင်ဆယ်နှစ်ကျခဲ့ပြီး အခုမှ ပြန်လွတ်လာသူပါ။ သူဘယ်သူလဲ၊ ဘယ်ကလာသလဲဆိုတာကို ထောင်သားအချင်းချင်းတောင် မသိကြဘူး။ သူ့အကြောင်းသိသူတွေအတွက်လည်း အသက်ရှင်ဖို့ မလွယ်ဘူးလို့ ဆိုကြပါတယ်။ အပြင်မှာ ငြိမ်သက်နေပေမယ့် အတွင်းမှာ မုန်တိုင်းထန်နေတဲ့သူမို့ ဘိုလာ့ကို သမုဒ္ဒရာနဲ့ ခိုင်းနှိုင်းကြတယ်။ ထောင်ကထွက်လာတဲ့ ဘိုလာဟာ ကိုကင်းပိုင်ရှင်ကို စုံစမ်းနေတဲ့ ဒိုင်ယာနာနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတယ်။ ဂိုဏ်းကလည်း ဒိုင်ယာနာ့ကို အသေရရ အရှင်ရရ ဖမ်းဖို့ လိုက်နေတဲ့အခါ သူတို့နှစ်ယောက် ပူးပေါင်းပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်ပြထားပါတယ်။ ဘိုလာအဖြစ် အဂျေးနဲ့ ဒိုင်ယာနာအဖြစ် တာဘူးတို့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း