ဇာတ်ကားများ ရွေးရန်

That Thing You Do!

1996ဇာတ်ကားအမှတ် 6.9/10108 မိနစ်

၁၉၆၄ ခုနှစ်၊ Pennsylvania ပြည်နယ် Erie မြို့က လူငယ်လေးယောက်ပါ တီးဝိုင်းတစ်ဖွဲ့ဟာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုထားတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများလာပါတယ်။ တဖြည်းဖြည်း နာမည်ရလာတာနဲ့အမျှ အသံသွင်းကုမ္ပဏီကြီးတစ်ခုဆီက ကမ်းလှမ်းချက်လည်း ရောက်လာတယ်။ နိုင်ငံတစ်ဝန်း ဖျော်ဖြေပွဲတွေ သွားရ၊ ဓာတ်ပုံတွေ ရိုက်ရနဲ့ သူတို့လေးယောက် မအားမလပ် ဖြစ်လာကြပါတယ်။ လူမသိသူမသိဘဝကနေ ရုတ်တရက် တိုင်းသိပြည်သိ အနုပညာရှင်တွေ ဖြစ်လာတဲ့အခါ အောင်မြင်မှုနဲ့အတူ ပါလာတဲ့ဝန်ကို ဘယ်လိုထမ်းကြမလဲ။ ဘဝင်မမြင့်ဘဲ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ပါ့မလား။ ဇာတ်လမ်းက တီးဝိုင်းလေးရဲ့ နာမည်ရလာပုံကနေ အောင်မြင်ပြီးနောက် ကြုံရတဲ့အခြေအနေတွေဆီ ဆက်သွားပါတယ်။ ၁၉၉၆ ခုနှစ်ထွက် That Thing You Do! ကို Tom Hanks က ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူအဖြစ် ပွဲဦးထွက်လုပ်ထားပြီး ဇာတ်ပို့သရုပ်ဆောင်အဖြစ်လည်း ပါဝင်ထားပါတယ်။ Tom Everett Scott၊ Johnathon Schaech၊ Steve Zahn နဲ့ Liv Tyler တို့ အဓိကသရုပ်ဆောင်ထားတဲ့ ဒီဂီတဟာသဒရာမာမှာ အမည်တူ မူရင်းဇာတ်ဝင်သီချင်းလည်း ပါဝင်တယ်။ ဦးသန့်ကို တလေးတစား ထည့်သွင်းဖော်ပြထားတဲ့ စာတစ်ကြောင်းနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းလည်း ရှိပါတယ်။

ဇာတ်လမ်းအကြောင်း