Grudge Match
လက်ဝှေ့သမား ရေဇာနဲ့ ကစ်တို့ဟာ အချင်းချင်း ယှဉ်ပြိုင်ခဲ့ရာမှာ တစ်ယောက်တစ်ပွဲစီ အနိုင်ရထားကြပါတယ်။ ဘယ်သူသာသလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် နောက်တစ်ပွဲ မထိုးရသေးခင်မှာပဲ ရေဇာက လက်ဝှေ့လောကကနေ အနားယူသွားခဲ့တယ်။ နှစ်သုံးဆယ်ကြာတဲ့အခါ ဒန်တေးဆိုသူက သူတို့ကို ဆက်သွယ်လာပြီး ရေဇာနဲ့ ကစ်တို့ ပြန်ဆုံဖြစ်ကြပါတယ်။ ပြိုင်ဘက်ဟောင်းနှစ်ယောက် ပြန်တွေ့ကြတဲ့အခါ ဘာတွေဖြစ်လာမလဲ၊ ဒန်တေးက သူတို့အတွက် ဘာတွေစီစဉ်ထားမလဲ။ ရေဇာတစ်ယောက် အရင်က ဘယ်လိုပြဿနာတွေကြောင့် လက်ဝှေ့လောကကို ကျောခိုင်းခဲ့တာလဲဆိုတာကိုလည်း ၂၀၁၃ ခုနှစ်ထွက် ဒီအားကစားဟာသဒရာမာထဲမှာ ဆက်သိရမှာပါ။
ဇာတ်လမ်းအကြောင်း