Circle Line
ပြင်းထန်တဲ့ ကားမတော်တဆမှုတစ်ခုနောက်မှာ ရလာတဲ့ စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက် ရှိပါတယ်။ နောက်တစ်ဖက်မှာလည်း အလုပ်ထဲမှာပဲ အချိန်ကုန်နေတဲ့ အဖေနဲ့ သူ့ဆီက အချိန်မရတဲ့ သမီးတစ်ယောက်တို့ ရှိနေကြတယ်။ မြေအောက်အမြန်ရထားတွေကို အလိုအလျောက်စနစ်နဲ့ ထိန်းချုပ်မောင်းနှင်နေရာက စနစ်ဟောင်းမှာ ချို့ယွင်းချက်တွေ ပေါ်လာပါတယ်။ ရထားတွေ ဘူတာမရောက်ခင် ရပ်သွားတာမျိုးတွေ ဖြစ်လာလို့ ပြန်ပြင်ဖို့ ကြိုးစားနေတုန်း ညပိုင်းနောက်ဆုံးရထားတစ်စီးက ပုံမှန်လမ်းကြောင်းကနေ လွဲထွက်ပြီး အသုံးမပြုတော့တဲ့ ရထားလမ်းထဲ ရောက်သွားခဲ့တယ်။ အဲဒီမြေအောက်လှိုဏ်ခေါင်းထဲမှာ ဘာက စောင့်ကြိုနေမလဲ။ မြေပြင်က ဗဟိုဌာနကရော ရထားပေါ်ကလူတွေကို ဘယ်လိုကယ်တင်ပေးနိုင်မလဲ။ အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ မိခင်တစ်ယောက်က သားကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်တွေ့ရမှာပါ။ စင်္ကာပူဒါရိုက်တာ JD Chua ရိုက်ကူးပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ထူးဆန်းသတ္တဝါအကြောင်း သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း