Diamond in the Rough
အာရီယာနာအဲလ်ဗရက်စ်ဟာ မိဘတွေ ဆုံးသွားပြီးကတည်းက ဘယ်သူနဲ့မှ အဆင်မပြေဘဲ နေနေတဲ့ ဂျစ်ကန်ကန်မိန်းကလေးတစ်ယောက်ပါ။ သူငယ်ချင်းလည်း မရှိ၊ အလုပ်လည်း မရှိတဲ့သူက အိမ်မှာပဲ ကြောင်လေး ရိုမီယိုနဲ့ အတူနေပါတယ်။ ဒီလိုဆက်နေတာကို မကြည့်ရက်တဲ့ ဦးလေးက သူပိုင်တဲ့ အပန်းဖြေကလပ်ကို လာပြီး အဖွဲ့ဝင်တွေနဲ့ မိတ်ဆွေဖွဲ့မယ်ဆိုရင် အလုပ်ရှာပေးမယ်လို့ ကတိပေးလိုက်တယ်။ ဒီလိုနဲ့ အာရီယာနာဟာ စိတ်မပါလှဘဲ ကလပ်ကို ရောက်လာရပါတယ်။ စည်းကမ်းတွေ များလှတဲ့နေရာမှာ နေသားကျဖို့ ကြိုးစားရင်း သူငယ်ချင်းတွေ ဘယ်လိုရှာမလဲ၊ တခြားဘယ်သူတွေနဲ့ တွေ့ဆုံရဦးမလဲ။ ဉာဏ်ကောင်းပေမယ့် လူတွေရဲ့စိတ်ခံစားချက်ကို နားလည်ပြီး လိုက်လျောညီထွေ ဆက်ဆံဖို့ အားနည်းတဲ့ အာရီယာနာက အခက်အခဲတွေကို ဖြတ်သန်းရင်း ကိုယ်နဲ့အဆင်ပြေမယ့် နေရာကို ရှာဖွေသွားတဲ့ အချစ်ဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း