My Dinner with Andre
ကိုယ့်ဘဝကိုယ် မကျေနပ်ဘဲ နေ့စဉ်လုပ်နေကျ ပုံစံခွက်ထဲမှာ ပိတ်မိနေသလို ခံစားနေရတဲ့ ဝေါလေ့စ်ဟာ မိတ်ဆွေဟောင်း အန်ဒရေနဲ့ ညစာစားဖို့ သွားနေပါတယ်။ လမ်းတစ်လျှောက်မှာလည်း သူ့ဘဝအကြောင်း ငြီးတွားနေရင်းပေါ့။ စားသောက်ဆိုင်မှာ ဆုံကြတော့ အန်ဒရေက မတွေ့ဖြစ်ခဲ့တဲ့ကာလအတွင်း သူကြုံခဲ့ရတာတွေကို အဆက်မပြတ် ပြောပြတော့တယ်။ ပိုလန်က တောထဲမှာ စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် လုပ်ခဲ့တဲ့အကြောင်း၊ ဆာဟာရမှာ ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့ ကြိုးစားခဲ့ပုံ၊ စကော့တလန်က ဖင်းန်ဟွန်းအဖွဲ့ဆီ သွားခဲ့ပုံနဲ့ ဟောလိုးဝင်းမှာ အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရပုံတွေကို ပြန်ပြောပြပါတယ်။ သူ့အတွက် အဲဒီခရီးတွေဟာ ကိုယ်နေထိုင်နေကျ ဘောင်ထဲက ရုန်းထွက်ဖို့၊ တခြားလူတွေနဲ့ အမှန်တကယ် ဆက်နွှယ်မိဖို့နဲ့ ပကတိတရားကို ထိတွေ့နိုင်ဖို့ ကြိုးစားမှုတွေလို့ ဆိုတယ်။ အန်ဒရေရဲ့စကားတွေကနေ လူစစ်စစ်တစ်ယောက်လို ရှင်သန်ဖို့ ဘာတွေလိုသလဲ၊ နေ့စဉ်လုပ်နေကျကိစ္စတွေကို စက်ရုပ်လို ထပ်ခါတလဲလဲ လုပ်ရင်းနဲ့ပဲ ဘဝကုန်သွားရမှာလားဆိုတဲ့ မေးခွန်းတွေ ဆက်လာပါတယ်။ သူက ပကတိတရား၊ သဘာဝတရားနဲ့ ထိတွေ့မှုရှိမှ လူစစ်စစ်လို ရှင်သန်နိုင်မယ်လို့ ယူဆထားတယ်။ ဝေါလေ့စ်ကတော့ အဲဒီအမြင်ကို သိပ်သဘောမတူဘူး။ လူတိုင်း အဲဒီလောက်အထိ လိုက်မလုပ်နိုင်ဘူးလို့ ယုံကြည်ပြီး သူနှစ်သက်တဲ့ လျှပ်စစ်စောင်လေး၊ အသင့်ရှိနေတဲ့ ကော်ဖီတစ်ခွက်ကြောင့် ရတဲ့ကျေနပ်မှုတွေနဲ့ သူ့အမြင်ကို ပြန်ရှင်းပြပါတယ်။ နှစ်ယောက်စလုံးက ကိုယ့်ရှုထောင့်နဲ့ကိုယ် လူ့ဘဝထဲက လစ်ဟာနေမှုတွေကို နားလည်ဖို့ ကြိုးစားကြတာပါ။ လူအချင်းချင်း လက်တွေ့ဆက်နွှယ်မှု ပျောက်ဆုံးလာတာ၊ ကိုယ်ပိုင်စိတ်ကူးကမ္ဘာထဲမှာပဲ နေထိုင်နေကြတာတွေအထိ စကားဝိုင်းက ရောက်သွားတယ်။ ဖြစ်တည်မှုနဲ့ မမြဲခြင်းအကြောင်း မေးခွန်းတွေကိုလည်း ဒီညစာဝိုင်းထဲမှာ ဆွေးနွေးထားပါတယ်။ ဝေါလေ့စ်နဲ့ အန်ဒရေအဖြစ် ပါဝင်ထားသူတွေက အမေရိကန်ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ဖြစ်ပြီး ဇာတ်လမ်းထဲမှာ သူတို့နာမည်ရင်းတွေကိုပဲ သုံးထားတာပါ။ ရုပ်ရှင်ဖြစ်လာပုံကလည်း သူတို့နှစ်ယောက် ပြန်ဆက်သွယ်မိရာက စခဲ့တာဖြစ်တယ်။ Andre က နှစ်နဲ့ချီ ခရီးတွေထွက်ပြီး အနုပညာအလုပ်တွေနဲ့ ဝေးနေရာက လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace ကို ဆက်သွယ်ကာ တစ်ခုခုအတူလုပ်ဖို့ ပြောခဲ့ပါတယ်။ Wallace က လက်ခံပေမယ့် ဘာလုပ်ကြမလဲဆိုတာ မသိသေးဘူး။ Andre မှာ မတွေ့ဖြစ်တဲ့ကာလက အတွေ့အကြုံတွေ ပြောပြချင်နေမယ်ဆိုတာကိုပဲ သိထားတာပါ။ အဲဒီကနေ မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံကို အခြေခံပြီး သူတို့နှစ်ယောက်ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့ကြတယ်။ အပြင်မှာ အနုပညာအလုပ်အတွက် ဆက်သွယ်ခဲ့တာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ ဖိတ်ခေါ်တဲ့အဖြစ် ပြောင်းထားပါတယ်။ ဒါရိုက်တာက ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆု နှစ်ကြိမ်ရထားတဲ့ Louis Malle ပါ။ ရုပ်ရှင်က သဘာဝကျတဲ့ ရိုက်ကူးပုံနဲ့ ဒီလူနှစ်ယောက်ရဲ့ ညစာဝိုင်းစကားပြောခန်းကို အဓိကထား တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း