ဇာတ်ကားများ ရွေးရန်

Superstars

2008ဇာတ်ကားအမှတ် 5.6/10110 မိနစ်

Superstars (2008) “ဘုရားက မျှတပါတယ်လေ” ဆိုပြီး လူတွေပြောပြောနေကျ စကားရှိတယ်မလား။ လောကမှာ အရာအားလုံးပြည့်စုံတဲ့သူရယ်လို့မရှိပါဘူး။ သေးသေးကြီးကြီး ချို့ယွင်းချက်တစ်ခုတော့ အနည်းဆုံးရှိကြစမြဲပါပဲ။ ဒီကားလေးရဲ့ ဇာတ်ဆောင်နှစ်ယောက်ကလည်း ဒီလိုပဲ။ ငယ်ငယ်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ “တွမ်” နဲ့ “တင်” … “တွမ်” က ရုပ်ရည်ချောမောတယ်၊ အကတော်တယ်။ ဒါပေမယ့် သူ့ရဲ့အသံက ကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းလောက်အောင်ကို “ဘဲ” အသံလိုမျိုး ပြာနေတာ။ ချောမောတဲ့ရုပ်ရည်နဲ့ ကိုယ်နေဟန်ထားတော့ရှိပေမယ့် အသံပြာတဲ့ ချို့ယွင်းချက်ရှိနေတဲ့သူ ..။ “တင်” က ရုပ်ရည်ပိုင်းဆိုင်ရာမှာ အရုပ်ပုပု ဝဝနဲ့ အားနည်းချက်ရှိပေမယ့် သူ့မှာ ဆည်းလည်းသံလိုသာယာတဲ့အသံနဲ့ သီချင်းအရေးကောင်းတဲ့ ပါရမီရှိတယ်။ ဒီလို နှစ်ယောက်ပေါင်းမှ ဖိနပ်တစ်ရံလိုပြည့်စုံသွားတဲ့ သူငယ်ချင်းနှစ်ယောက်မှာ အမြဲစနောက်နေကျအကျင့်တစ်ခုရှိတယ်။ “Lip-sync” လုပ်တာ .. “တွမ်” က ရှေ့ကနေ လူလုံးပြ “တင်” ကနောက်ကနေ ပြောချင်ရာပြော။ ဒီလိုနဲ့ တစ်နေ့မှာ “တင်” ရေးပြီးဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို “တွမ်” က lip-sync လုပ်ပြီး အင်တာနက်ပေါ်တင်လိုက်ရာကနေ နာမည်ကြီးသွားပါလေရော။ တစ်ဖက်ကလည်း အကြွေးတွေပိနေတဲ့ တေးသံသွင်းကုမ္ပဏီတစ်ခုကလည်း ဒေဝါလီခံရခါနီးလို့ ကြံရာမရဖြစ်နေတုန်း ဒီနှစ်ယောက်နဲ့ လာဆုံကြတဲ့အခါ …။ ကလိထိုးရယ်နေရတာမျိုးမဟုတ်ဘဲ သဘာဝကျကျ ရယ်ရတဲ့အခန်းလေးတွေပါတဲ့အပြင် ပါဝင်တဲ့သီချင်းလေးတွေကလည်း ချိုချိုအေးအေးလေးနဲ့ နားထောင်လို့ကောင်းတာမို့ စိတ်ပင်ပန်းရတဲ့ဒီလိုအချိန်ကြီးမှာ စိတ်ပြေလက်ပျောက်ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Comedy , Romance Quality….WEB-DL 1080p and 720p and 360p File size… 1.5GB and 910MB and 360p Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

ဇာတ်လမ်းအကြောင်း