ဇာတ်ကားများ ရွေးရန်

Rebound

2023ဇာတ်ကား14 မိနစ်

ဘူဆန်ဂျွန်အန်းအထက်တန်းကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းဟာ အလားအလာမရှိတော့ဘူးလို့ သတ်မှတ်ခံထားရတဲ့ အသင်းပါ။ နည်းပြအသစ် Kang Yang-Hyeon ရောက်လာတဲ့အခါမှာတော့ အသင်းမှာ အပြောင်းအလဲတွေ စလာပါတယ်။ တစ်ချိန်က ထိပ်တန်းကစားသမားဖြစ်ခဲ့တဲ့ သူက ကစားသမားဘဝအတွေ့အကြုံတွေကို အသုံးချပြီး အသင်းကို ကိုင်တွယ်ရတော့မှာပါ။ အောက်ဆုံးရောက်နေတဲ့ အသင်းကို ဘယ်လိုဗျူဟာတွေနဲ့ ပြန်တည်ဆောက်မလဲ၊ National Championship ပွဲစဉ်အထိ ဘယ်လိုခေါ်ဆောင်သွားမလဲဆိုတာနဲ့အတူ ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ် ခံယူချက်တွေနဲ့ အိပ်မက်တွေကိုပါ ပြထားပါတယ်။ Rebound ဟာ ၂၀၁၂ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အားကစားရုပ်ရှင်ဖြစ်ပြီး Ahn Jae-Hong၊ Lee Shin-Young နဲ့ Jung Gun Joo တို့ ပါဝင်ထားတယ်။ သရုပ်ဆောင်တွေကလည်း ရိုက်ကူးဖို့အတွက် ဘတ်စကတ်ဘောကစားနည်းကို သင်ယူခဲ့ကြပါတယ်။

ဇာတ်လမ်းအကြောင်း