ဇာတ်ကားများ ရွေးရန်

Soppana Sundari

2023ဇာတ်ကားအမှတ် 5.5/10117 မိနစ်

ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ အဂါလယာတို့မိသားစုဟာ စိန်ရွှေရတနာဆိုင်တစ်ဆိုင်ရဲ့ ကံစမ်းမဲပွဲမှာ ဆုမဲပေါက်သွားကြပါတယ်။ မိသားစုအပေါ် သိတတ်တဲ့ အဂါလယာအဖြစ် Aishwarya Rajesh က သရုပ်ဆောင်ထားပြီး မမျှော်လင့်ဘဲ ရလာတဲ့ဆုကြောင့် သူတို့လည်း နောင်ရေးအတွက် မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်နေကြတာပေါ့။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက ကြာကြာမခံလိုက်ပါဘူး။ ကံထူးရှင်အစစ်က ကိုယ်ပါဆိုပြီး ဆုကို လိုချင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြတယ်။ မဆိုင်တဲ့သူတွေပါ ဝင်ပါလာတဲ့အခါ အဂါလယာတို့မိသားစုမှာ ပြဿနာတွေ ဆက်တိုက်ကြုံရတော့တာပါ။ အဂါလယာက ဆုကို လက်လွှတ်ပေးလိုက်မလား၊ သူကိုယ်တိုင်ကရော ကံထူးရှင်အစစ် ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေကြားက အရှုပ်အထွေးတွေကို ဟာသနဲ့ ရောပြီး တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း