Little Big Soldier
တရုတ်ပြည်တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်သေးဘဲ နိုင်ငံငယ်တွေ အချင်းချင်း စစ်ဖြစ်နေတဲ့ခေတ်မှာ ဇာတ်လမ်းစထားပါတယ်။ ဝေနဲ့ လီအန်းတို့ တိုက်ကြတဲ့ တိုက်ပွဲတစ်ပွဲမှာ နှစ်ဖက်စလုံး အထိအခိုက်များခဲ့ပေမယ့် လီအန်းဘက်က သာမန်စစ်သားတစ်ယောက်တော့ အသက်ရှင်ကျန်ခဲ့တယ်။ ဂျက်ကီချမ်း သရုပ်ဆောင်ထားတဲ့ ဒီစစ်သားလေးက ဒဏ်ရာရနေတဲ့ ရန်သူဗိုလ်ချုပ်ကို တွေ့လိုက်တဲ့အခါ အရှင်ဖမ်းပြီး ပြန်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကို အပ်နိုင်ရင် ဆုကြေးအပြင် မြေငါးဧကပါ ရမှာကိုး။ ဒီလိုနဲ့ စစ်သားတစ်ယောက်နဲ့ သူဖမ်းလာတဲ့ ရန်သူဗိုလ်ချုပ်တို့ လီအန်းဆီ အပြန်ခရီး ထွက်လာကြတယ်။ ဖမ်းမိထားပေမယ့် ကိုယ့်နိုင်ငံအရောက် ပြန်ခေါ်သွားနိုင်ဖို့က မလွယ်ပါဘူး။ လမ်းတစ်လျှောက် အခက်အခဲတွေနဲ့ ရန်သူတွေကို ရင်ဆိုင်ကြရသလို ပြန်သွားမယ့် နိုင်ငံငယ်လေးအတွက်လည်း ပူရသေးတယ်။ ဂျက်ကီချမ်းရဲ့ သိုင်းချခန်းတွေကြားမှာ အလွဲလေးတွေ ရောပါလာတဲ့အတွက် ရယ်နေရင်း ဒီနှစ်ယောက် အိမ်ပြန်ရောက်ပါ့မလားဆိုတာကို လိုက်ကြည့်ရမယ့် ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း