Dark Nature
ဂျွိုင်းဟာ ခင်ပွန်းဟောင်း ဒဲရက်ရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာရနေသူပါ။ သူငယ်ချင်းဖြစ်သူ ကာမင်က သူ့ကို စိတ်ရောဂါပညာရှင် ဒေါက်တာဒန်လေရဲ့ ကုထုံးအစီအစဉ်မှာ ပါဝင်စေခဲ့တယ်။ အဲဒီအစီအစဉ်က တောနက်ထဲ ခရီးထွက်ပြီး သဘာဝနဲ့ ထိတွေ့ရင်း စိတ်ဒဏ်ရာတွေကို ကုသပေးဖို့ ဖြစ်ပါတယ်။ ဒေါက်တာဒန်လေရဲ့ ဦးဆောင်မှုနဲ့ ဂျွိုင်း၊ ကာမင်တို့ဟာ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ အမျိုးသမီးနှစ်ယောက်နဲ့အတူ ငါးယောက်သား ခရီးထွက်ကြတယ်။ ခရီးစပြီး မကြာခင်မှာပဲ တောထဲမှာ သူတို့နောက်ကို တစ်ယောက်ယောက် လိုက်နေသလို ဂျွိုင်း သံသယဝင်လာပါတယ်။ နောက်တော့ သူတို့ငါးယောက်ဟာ အတိတ်က ခြောက်လှန့်နေတဲ့ အဖြစ်အပျက်တွေထက် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခုကို လူသူဝေးတဲ့ တောတောင်ထဲမှာ ကြုံရတော့တယ်။ စိတ်ဒဏ်ရာတွေ သက်သာဖို့ လာခဲ့တဲ့ ဒီခရီးက သူတို့ကို ကုသပေးနိုင်မလား၊ ဒါမှမဟုတ် ဒဏ်ရာအသစ်တွေ ထပ်ပေးဦးမလားဆိုတာက သူတို့ ရင်ဆိုင်ရတဲ့အခြေအနေပါ။ Dark Nature ဟာ ၂၀၂၂ ခုနှစ်ထွက် ကနေဒါထိတ်လန့်ဇာတ်ကားဖြစ်ပြီး Jigsaw နဲ့ The Purge တို့မှာ ပါဝင်ခဲ့တဲ့ Hannah Anderson က ဂျွိုင်းအဖြစ် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း