Dream Home
အားရှန်းဟာ ငယ်ငယ်က ပင်လယ်ဘေးနားက နှစ်ထပ်အိမ်လေးမှာ နေခဲ့ဖူးပါတယ်။ သူငယ်ချင်းရှိခဲ့သလို အဘိုးကလည်း သဘောကျတဲ့ အိမ်လေးဖြစ်ပေမယ့် နိုင်ငံရေးစီမံချက်တွေကြောင့် အိမ်ပြောင်းခဲ့ရတယ်။ အဲဒီကတည်းက ကြီးလာရင် ပင်လယ်ဘေးက အိမ်မှာ ပြန်နေမယ်ဆိုတဲ့ ဆန္ဒကို သူ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့တာပါ။ ဒါပေမဲ့ ပင်လယ်ကို မျက်နှာမူထားတဲ့ တိုက်ခန်းတစ်ခန်းကို ဝယ်ဖို့က သာမန်ဝန်ထမ်းတစ်ယောက်အတွက် မလွယ်ပါဘူး။ အားရှန်းကတော့ သူလိုချင်တဲ့ တိုက်ခန်းကို ဝယ်နိုင်ဖို့ ရသမျှအလုပ်တွေ လုပ်ရင်း ကြိုးစားနေပါတယ်။ ငယ်စဉ်ကတည်းက စွဲလမ်းခဲ့တဲ့ အိမ်ပိုင်ဆိုင်ချင်စိတ်ကို အခြေခံထားတဲ့ ဒီဟောင်ကောင်ရုပ်ရှင်မှာ လိင်ပိုင်းဆိုင်ရာပြကွက်တွေနဲ့ သွေးထွက်သံယို အကြမ်းဖက်ခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း