ဇာတ်ကားများ ရွေးရန်

Alvin and the Chipmunks: The Road Chip

2015ဇာတ်ကားအမှတ် 6.0/1092 မိနစ်

ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန် တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင် အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီး သူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကို ခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့် ​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစု မဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး ​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာ ဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို ​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ် ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size…   2.6 GB /  665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

ဇာတ်လမ်းအကြောင်း