ဇာတ်ကားများ ရွေးရန်

M3GAN (Aka) Megan

2022ဇာတ်ကားအမှတ် 7.3/10102 မိနစ်

အရုပ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ သိပ္ပံပညာရှင်မိန်းကလေးတစ်ယောက်က မက်ဂန်ဆိုတဲ့ အရုပ်ကို ဖန်တီးထားပါတယ်။ မက်ဂန်ကို ကလေးတွေနဲ့ အဖော်ပြုပေးရင်း သူတို့ရဲ့အမူအကျင့်တွေကို သင်ယူနိုင်ဖို့၊ ကလေးတွေကို ပြန်သင်ပေးနိုင်ဖို့နဲ့ ကာကွယ်ပေးနိုင်ဖို့ ပရိုဂရမ်ရေးဆွဲထားတာပါ။ သူပထမဆုံး အဖော်ပြုပေးရတဲ့သူကတော့ ကေဒီဆိုတဲ့ ကလေးမလေးဖြစ်ပါတယ်။ ကေဒီရဲ့ မိဘနှစ်ပါးလုံးက ကားမတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့လို့ သူဟာ မိဘမဲ့ဖြစ်နေသူပါ။ အဖော်ရလာတဲ့ မက်ဂန်ကိုလည်း အရမ်းသံယောဇဉ်တွယ်လာတယ်။ ဒါပေမဲ့ ကလေးကို ကာကွယ်ပေးဖို့ ရေးဆွဲထားတဲ့ ပရိုဂရမ်က အားကောင်းလွန်းလာတဲ့အခါ မက်ဂန်ဟာ ကေဒီအတွက် အန္တရာယ်ဖြစ်လာနိုင်သမျှကို ရှင်းပစ်ဖို့ ကြိုးစားလာပါတော့တယ်။

ဇာတ်လမ်းအကြောင်း